အချစ်ကို စတင်တွေ့ရှိခြင်း အပိုင်း ( ၁ )
မောင်ဇော်ဦး ရေးသည်။
ကဲ . . ကြုံတုန်းလေး ကြုံခဲ့တာကို ကြုံသလိုရေးလိုက်အုံးမယ်၊ ခေါင်းထဲက မှတ်ဉာဏ်တွေကလဲ အသက် ၃၀ လောက်ကတည်းကပြည့်ပြီးသားဖြစ်နေတော့ နောက်ထပ်ထည့်တာတွေက ပထမ သွင်းထားတာတွေကို အလိုအလျှောက် ဖျက်ပြစ်လိုက်တာမို့ ဘာတွေပျက်သွားလဲ ဆိုတာ ကိုယ့်ဟာကိုယ်တောင်မသိတော့။
ဒီတော့ အစီအစဉ်က ကျချင်မှ ကျမယ်၊ ဂဂနန လဲဖြစ်ချင်မှဖြစ်မယ်၊ ဒါပေမဲ့ အကြံဖျဉ်းလေးကိုတော့ အာဖျံကွီး မထည့်ဘဲ ရေးပါ့မယ်လေ၊ အာဖျံကမကွီးဘူးဆိုတော့ ချမ်းကိုလို အချစ်ဇတ်ကြမ်းဖြစ်လာမယ် မထင်ဘူး။ဘာလို့လဲဆိုတော့ ကျနော်က ချမ်းကိုလို မိန်းမက တက်ချချင်လောက်အောင် မစွမ်းဘူးဗျ၊ ဒီတော့ အချစ်ဇတ်ကြမ်းကြိုက်တဲ့ ပိတ်သတ်ကြီးများ သီးခံကြပါခင်ဗျား လို့ဘဲကြိုတင်ပြီး ပြောထားပါရစေ။
ဥပမာကလဲ ပြစရာဆိုလို့ ချမ်းကိုဘဲ ရှိတယ်၊ တပ်ကြပ်ကြီး တို့ ငယ်ငယ်ကဆို ဟဲ ဟဲ ဒီလူကြီးဘဲပြောတာဘဲလေ ကျနော်ရေးခဲ့တာ ကိုယ်တွေ့လို့ ပြန်ပြောင်းလိုက်မယ်လေ တဲ့။ဒီတော့ သူရေးခဲ့တဲ့ မောင်မောင်ရဲ ဇတ်လမ်းကိုဘဲကြည့်၊ ကြီးမေတို့ အမေလေးတို့လို ၄၀ ကျော်တွေနဲ့ ဈေးဦးဖေါက်ခဲ့တာဆိုတော့ ကျနော့် အဖြစ်နဲ့ လားလားမှ မတူဘူးလေ၊ ဒီတော့ ပြစရာ ချမ်းကို ဘဲရှိတော့တာပေါ့။
ဖြစ်ချင်တော့ ကျနော့် စရိုက်နဲ့ ချမ်းကို စရိုက်က ခပ်ဆင်ဆင်ဗျ၊ နာမည်ပျက်ရုံဆိုးတတ်တာကိုပြောတာပါ။ တကယ်လား ဆိုတော့လဲ လူမိုက်ကြီးများလို ဟုတ်တိပတ်တိလဲ မဟုတ်ဘူး၊ လူလိမ္မာဂွင်လဲ မဝင်ဘူး၊ ဟိုမရောက် ဒီမရောက်ပေါ့။
အပေါင်းအသင်းကလဲကောင်းတော့ အထက်တန်းကျောင်းသား လောက်ကတည်းက စပြီး ဆေး စသုံးဖူးတယ်ပေါ့ဗျာ၊ မိဘကလဲ အချမ်းသာကြီးထဲကလဲ မဟုတ်၊ ဆင်းဆင်းရဲရဲလဲမဟုတ်။ လူတန်းစေ့ စားနိုင်သောက်နိုင်ဝတ်နိုင်ရုံ အတန်းစားဆိုတော့ အကောင်းစားတွေ မကိုင်နိုင်ဘူးလေ၊ ဒီတော့ ဘာမီတွန်တို့ ဒိုင်ယာဇီပင် တို့လောက်နဲ့ ပေါပေါလောလော အိုဗာဒို့စ်လောက်မြို ပြီး စခဲ့တယ်ဆိုပါစို့။
ဒါပေမဲ့ စသုံးဖူးတယ်ဆိုပေမဲ့ နေ့စဉ်နေ့တိုင် ဒါချည်းဘဲလဲမဟုတ်ဘူး၊ ကြုံရင်ကြုံသလိုပေ့ါ၊ ဒီကြားထဲ ဆေးလိပ်ကလဲ သောက်တတ်လာတော့ တခါတလေ ဆရာကြီးကလဲ ပင့်တတ်လာတယ်၊ အပေါင်းအသင်းကလဲ များတော့ အတွေ့အကြုံလဲ စုံတယ်ပေါ့။အရက်တောင် စသောက်သောက်ချင်း သွေးနဲ့ မတဲ့လို့ တကိုယ်လုံး နီရဲပြီး အဖုအပိန့်တွေ ပေါက်တာနဲ့၊ တဲ့အောင် ဇွဲကောင်းကောင်းနဲ့ တနေ့ တငုံလောက်သောက်ပြီး ခန္တာကိုယ်က အယ်ကိုဟောကို လက်ခံလာအောင် ကျင့်ခဲ့ရတာ။ ဒါမျိုးကျတော့ အဲ့လို ဇွဲကောင်းခဲ့တယ်ဆိုပါစို့။
ကံကောင်းချင်တော့ အဲ့လောက်စုံပေမဲ့ ဘဝက ရာနှုံးပြည့်မပျက်ခဲ့ဘူး၊ ၁၀ တန်းလဲ ၂ ခါလောက်ဖြေပြီး အောင်ခဲ့တယ်၊ သူလိုကိုယ်လို မင်္ဂလာဆောင်မှာ ထည့်စရာ အမြီးလေး တခုလဲ ရခဲ့တယ်ပေါ့။အဲ မိန်းမနဲ့ ပတ်သက်လာရင် ဘွဲ့ရတဲ့ အထိ သုံည အဆင့်လောက်ဘဲရှိသေးတယ်ဆိုရင် ခင်ဗျားတို့ ပြောမယ် ဟေ့လူ နောက်နေတာလားလို့။
မနောက်ဘူးဗျ၊ တကယ်။ ခု ဒီလိုစာတွေရေးနေပေမဲ့ ကျနော့် ဘဝက မိန်းမနဲ့ပတ်သက်ပြီး ပြောရရင် ရှက်တောင်ရှက်တယ်၊ ရှက်ပေမဲ့လဲ ရှေ့မျက်နှာ နောက်ထားပြီး ပြောရမှာဘဲ၊ ကိုယ်က ကိုယ့်ပေါင်ကိုယ်လှန်ထောင်းပြီကိုး၊ ထောင်းတဲ့နောက်တော့ ညက်ညက်ကလေးထောင်းမှဖြစ်မှာပေါ့။
သီချင်းထဲကလို တက္ကသိုလ်မှာ ၄ နှစ်တာ ပညာဆည်းပူးခဲ့ရာ အဲ အဲ ရန်ကုန်မြို့တော်ကြီးက တက္ကသိုလ်တော့မဟုတ်ဘူး၊ ကိုယ်တို့မြို့က တက္ကသိုလ်လေးပေါ့၊ အတိအကျတော့ မရေးတော့ပါဘူးလေ၊ သိတဲ့သူလဲသိမှာပေါ့၊ သိရင်လဲ တိတ်တိတ်လေးနေ၊ မသိရင်လဲ မသိဘူး လို့ဘဲမှတ်ပေါ့။
အဲဒီ ၄ နှစ်မှာ တခြားအတတ်တွေသာစုံခဲ့ပေမဲ့ ကြိုက်တဲ့သူ လုံးဝ မတွေ့ခဲ့ဘူးပြောရင် ခင်ဗျားတို့ ကျနော့်ကို ခြောက်နေတယ် ထင်ချင်မှာပေါ့။ တွေ့ခဲ့ပါ့ဗျား၊ ကြိုက်မဲ့သူ တယောက်တောင် မဟုတ်ဘူး ၂ ယောက်။ တပြိုင်တည်းနော်၊ ဒါပေမဲ့ ဒီကိစ္စက ကျနော့်အဖို့ ဟိုဟာသုံးဘို့ ကြိုးစားသလို ဇွဲမကောင်းတော့ ဒီတယောက် ကြုံရင်ဒီတယောက်လိုက်၊ ဟိုတယောက်ကြုံ ဟိုတယောက်လိုက် ဒါနဲ့ဘဲဇတ်လမ်း ပြီးခဲ့ရတာပါဘဲ။
အဲဒီမှာ ကြုံတုန်းလေ ကြိုက်ခဲ့တဲ့ပုံစံလေးကို ပြောရရင်၊ ဟာ ဒီလူ ခင်ဗျားလုပ်ပြန်ပြီ (တယောက်ယောက်ကို ရိသဲ့သဲ့) ဆိုပြီး ပင်လယ်ကဆရာကြီးတွေ ပြောရင်လဲ ခံလိုက်ရုံဘဲ၊ ကြိုက်ခဲ့တဲ့ ၂ ယောက်လုံးက ပါးဖေါင်းဖေါင်းလေးနဲ့ ခပ်ဖိုင့်ဖိုင့်လေးတွေဗျ။ဟီး ဟီး၊ လူက နံပိန် ကြိုက်လိုက်ရင် ပြည့်ပြည့်ဖြိုးဖြိုးတွေ အဲ အဲ ပစ္စည်းကိုပြောတာမဟုတ်ဘူး၊ ခန္တာကိုယ်ကိုပြောတာ၊ အဲ့ဒီတုန်းက ကျနော်က တကယ့်ပိန်ပိန်လေး၊ အရပ်ကတော့ ၅-၈ လောက်၊ ပေါင်ချိန်က ပေါင် ၁၀၀ တောင်မပြည့်ချင်ဘူး၊ ဒါဆိုတွက်ကြည့်တော့ ဘယ်လောက်ပိန်လဲဆိုတာ။
ဘောင်းဘီဆို ခါးဆိုဒ် ၂၇ - ၂၈ လောက်ကို ခါးပတ်နဲ့ ဝတ်ရတာ၊ ဒါပေမဲ့ ကြိုက်တော့ ခပ်ဖိုင့်ဖိုင့်လေးတွေ ကြိုက်တတ်တာဗျ၊ ကြိုက်သာကြိုက်ခဲ့တာပါဗျာ၊ သူတို့ကလဲ ကျနော်က ကြိုက်နေမှန်းလောက်ဘဲ သိသွားရရှာတာပါ။ သူတို့ကတော့ ကျနော့်ဆီက အစကို မျှော်ချင်လဲမျှော်ခဲ့မှာပေါ့၊ ဒါကတော့ ကိုယ့်ဖက်က သာသာထိုးထိုးလေးတွေးမိတာပါ၊ ဒါပေမဲ့ ဇတ်လိုက်ကြီး ကျနော်က လမ်းကြုံရင် အနောက်က လိုက်တတ်တာကလွဲပြီး ဘာမှရှေ့မဆက်ခဲ့ဘဲကိုး၊ ဒီတော့ ဇတ်လမ်းက ဘာမှမစရခင် ပြီးသွားတယ်ဆိုပါစို့။ဘာလို့ အချစ်ကို ဦးစားမပေးခဲ့လဲဆိုတော့ ကျနော့်မှာ အချစ်ထက် ဦးစားပေးစရာ အပျော်က ရှိနေတာကိုး၊ အပေါင်းအသင်းတွေနဲ့ မူးမယ် ရစ်မယ်၊ မနက် နိုးတဲ့အချိန် ကျောင်းလာ၊ ဘယ်ကောင့်မှာ ပစ္စည်းပါလာလဲ စနည်းနာ။
တတက်မဖြစ် တက်ရမဲ့ အတန်းတက်၊ ပြေးလို့ ရတဲ့ အတန်းကိုပြေး၊ အဆောင်တွေသွားနှပ်၊ ဟိုဟေးလားဟေးလားဝါး၊ ဒီဟေးလားဟေးလားဝါး စတဲ့ ဘာမဟုတ်တဲ့ အပျော်တွေကိုဘဲ ဦးစားပေးခဲ့တော့ အချစ်ဆိုတာ နောက်ကောက်ကျခဲ့တာပေါ့။
အဲ တကယ်တန်း အချစ်ကိုတွေ့ပြီး ဟုတ်တိပတ်တိ အချိန်ပေးလို့ မရ ရအောင်ကြိုးစားခဲ့တာက ကျောင်းပြီးမှ၊ အဲဒီအချိန်လောက်က ဇတ်လမ်းကို စရင် . . အင်း၊ ရေးချင်လို့သာ ရေးရတယ် သေချာပြန်စဉ်းစားကြည့်တော့လဲ စိတ်ဝင်စားစရာကလဲ ဘာမှတော့ သိပ်မရှိလှဘူးဗျ။
သူလိုကိုယ်လိုပါဘဲ၊ ဒါပေမဲ့ပေါ့ဗျာ ကိုယ်က တကယ်ကြိုက်ပြီး လိုက်ခဲ့တာဆိုတော့ ကိုယ့်အတွက်က ရင်ခုန်သံတွေဖြစ်နေပေမဲ့ ဖတ်နေတဲ့ ခင်ဗျားတို့ အတွက်ကတော့ ပျင်းခြောက်ခြောက်ကြီး ဖြစ်နေမှာ အသေအချာပေါ့။အင်းလေ ဖတ်တဲ့သူ ရှိရှိ မရှိရှိ ထုံးစံအတိုင်း ရေးမယ်ဆိုတော့မှတော့ ဆုံးအောင်ရေးရမှာပေါ့။ ဟိုဘက်မှာ ရေးချင်စိတ်ပျက်လောက်အောင် ပြစ်ပြစ်နှစ်နှစ် လာမဆဲရင်ဘဲ တော်လှပါပြီ။
ဆက်ရရင် ကျောင်းတုန်းက ခပ်ဖိုင့်ဖိုင့်လေး ကိုမှ စိတ်ဝင်စားတတ်တဲ့ ကျနော်၊ တကယ်ကြိုက်သွားတဲ့ ‘မမ’ က ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် ကိုယ်လုံးသွယ်သွယ်လေးဗျ။ကိုယ့်ထက် အသက်ကြီးလို့ မမ လို့စွပ်ခေါ်လိုက်ပေမဲ့ သူ့မှာ နာမည်ရင်းတော့ရှိတယ်ဗျ၊ ဘိုနာမည်လေး၊ မပြောတော့ပါဘူးလေ နာမည်အရင်းကို။
ကာယကံရှင်မမက ဘယ်လိုနည်းနဲ့မှ ဒီအထဲမှာ လာမဖတ်မှာ သေချာတာပေမဲ့ သူ့ဆွေ ၇ ဆက်၊ မျိုး ၇ ဆက်ထဲက တယောက်ယောက် ဖတ်မိရင် သိသွားမှာစိုးလို့ နာမည်ရင်းမရေးတာကို နားလည်ပေးပေါ့ဗျာ၊ ကဲ ဇတ်ကြောင်းကို ကျောင်းပြီးခါစနဲ့ စမယ်။
ကျနော်ပြောခဲ့တဲ့အတိုင်း မိဘက သူဌေးမဟုတ်တော့ ကျောင်းပြီးပေမဲ့ သိပ် ယတ်လား ယတ်လား မလုပ်အားဘူးဗျ။ကံဇာတာကောင်းသူများလို အဖိုးအဖွားတွေဆီက နို့မှုန့်ဘူးကြီးနဲ့ ထဲ့ထားတဲ့ ရွှေတိုရွှေစကို တဘူးလုံးခိုးပြီး မကုန် ကုန်အောင် ထိုင်ဖြုံးနေဘို့ အခွင့်အရေးကမရှိတော့ ကြံဖန်ရတာလေးနဲ့ဘဲ လုံးချာလည်လိုက်နေတုန်း အိမ်က အဖေ့ဆိုင်ကို ကူဘို့ပြောတယ်။
ကျနော်က ဆိုင်ထိုင်ဘို့ စိတ်ကို မပါတာ၊ အဲ လူကတခုခုချထားပြီး နဲနဲ မြောက် နေတဲ့ အချိန်ဆို ဈေးဝယ်တဲ့ သူကို အာဝိဇွန်း ရွှင်ရွှင် နဲ့ မဟုတ်တာ အဟုတ်လုပ်ပြောရောင်းတတ်ပေမဲ့ တကယ်ကျနော့် မူရင်းစိတ်က ဈေးမရောင်းချင်ဘူးဗျ။
မနက်စောစောထလို့ အဖေနဲ့ အတူလိုက်ပြီး ဆိုင်ကို သွားမဖွင့်ချင်တာ၊ ညနေစောင်းဆို ညည့်နက်တဲ့အထိ ဘော်ဒါတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ထားတဲ့ဒဏ်ကြောင့်လဲ ပါတာပေါ့။အဲဒီမှာ မလုပ်ချင်တဲ့ အလုပ်ကို အောက်အီးလုပ်နေတုန်း လမ်းကြောင်းက ပွင့်လာတယ်၊ ကျောင်းတုန်းက ဘော်ဒါတကောင်က ဆိုင်ထိုင်နေတဲ့ ကျနော့ဆီရောက်ချလာတယ်၊
“ဟေ့ကောင် လာကွာ လဖက်ရည်ဆိုင်သွားမယ်” ဆိုပြီး ကျနော့်ကို လာခေါ်သွားတယ်။
ဒါနဲ့ ဒီကောင်နဲ့ လဖက်ရည်ဆိုင်ထိုင်ဖြစ်တယ်၊ ဒီကောင့်ကြည့်ရတာ ထောနေပုံဘဲ၊ အမယ် သူက ပါလာတဲ့ ဖင်ဆီဒိုင်း တပုလင်းကို ဖေါက်ပြီး တယောက်တဝက် ဆိုပြီးပြုစုလိုက်သေးတယ်၊ အဲဒီတုန်းက ဖင်ဆီဒိုင်းဆိုတာ အဆင့်မြင့် ပစ္စည်းပေါ့၊ နေ့တိုင်း ဘယ်ချနိုင်မလဲ။တခါတလေ ကြုံမှ ဆွဲရတာ၊ ခု ဒီကောင့်ကောင်းမှု့နဲ့ ဆွဲလိုက်ပြီး ခနနေတော့ ခေါင်းတွေဘာတွေယားလို့ ဆံပင်တွေ ထောင်တက်လာသလားထင်ရအောင် ဖီးတက်လာပြီး အလာပ သလာပ ဆက်ပြောကြတယ်။
မတွ့တာလဲ နဲနဲကြာတော့ ဒီကောင့်ကို ဟေ့ရောင် မင်း ခု ဘာလုပ်နေလဲ လို့ စပ်စုမိတော့ ဒီကောင်က သူ့ ခါးကြားထိုးလာတဲ့ ချဲစာအုပ်ကို ပြပြီး ချဲရောင်းနေတယ်တဲ့၊ အဲဒီမှာ ဒီကောင်က သူ့ ချဲအကြောင်း သူငယ်ချင်းကောင်း ပီသစွာ ရှင်းပြတယ်။
အစကလဲ ချဲဆိုတာသိပါတယ်၊ ချဲ ဆိုတာ အဲ့ဒီတုန်းက မသိတဲ့သူမှ မရှိတာ၊ ကျနော်တောင် တခါတလေ ရှိစုမဲ့စုလေးနဲ့ ပေါက်လိုပေါက်ငြား ထိုးသေးတာ၊ သူရှင်းပြတာက ဒိုင် အကြောင်း၊ သူက ဒိုင် ကိုင်နေတာ၊ အဲဒီမှာ သူ့လုပ်ကွက်ကို ရှင်းပြတာ၊ဟုတ်တော့လဲ ဟုတ်သား၊ အဲဒီခေတ်တုန်းက ခေတ်က နဲနဲ ကောင်းသေးတယ်၊ ဖမ်းတယ် ဆီးတယ် ဆိုပေမဲ့ ကျနော့်တို့ မြို့မှာ နားလည်မှု့ ကရှိတယ်ပေါ့ဗျာ။ ပေါ်တင်ကြီး လုပ်လို့ မရပေမဲ့ နဲနဲတော့ ဒိုင်ရှိုရတာပေါ့။
သူပြောတာကလဲ ဟုတ်သား၊ ဟေ့ရောင် အကွက် ၆၀၀ လောက် ၆၅၀ လောက်ရောင်းပြီးသွားရင် အသာလေး နှပ်နေရုံဘဲ၊ ပေါက်တဲ့သူ ရှိရင် ကိုယ်က နဲနဲလေးဘဲ စိုက်ရမှာ၊ လက်ကျန်ကွက်က ပေါက်ရင်တော့ အိပ်ထဲကောက်ထည့်ရုံဘဲ၊ ၁၅ ရက် ထိုင်ဖြုန်းပေါ့။ဟေ့ကောင် ၂ ပတ်ရှိပြီ၊ ငါတခါမှ မရော်ရသေးဘူးတဲ့၊ စိတ်ဝင်စားသွားတယ်၊ ဒါနဲ့ဘဲ အဲဒီအလုပ်ကို လုပ်ဘို့ တာစူလိုက်တယ်၊
အိမ်ကတော့ ဘာမှမပြောပါဘူး၊ အဲဒီတုန်းက လူကြီးတွေလဲ ချဲကို တကယ့် ပြစ်မှု့ကြီးလိုလက်မခံဘူးလေ၊ အဖေလဲ ပုံမှန်ချဲထိုးနေတဲ့ သူဘဲ၊ စီးပွားပျက်လောက်အောင်တော့ ဘယ်ဟုတ်မလဲ၊ သူ့ဟာနဲ့ သူ သူ့စိတ်ကြိုက်ကွက်လေး အပျော်ထိုးတာပေါ့၊ ချဲတွက်တာလဲ ဝါသနာပါတယ်။ဒီတော့ ကိုယ့်ဖာသာလုပ်တော့ မထောက်ခံသလို ကန့်လဲ မကန့်ကွက်ဘူး၊ နှာစေးပေးလိုက်ကြတာပေ့ါ၊ ဒါနဲ့ အဖေ့ဆိုင်မှာ ဖူးတိုင်း အလုပ်ကနေ ပတ်တိုင်း ဖြစ်သွားတယ်။
မနက်ဆို စောစော အဖေနဲ့ ဆိုင်သွားဖွင့်စရာမလိုတော့ဘူး၊ ဟဲ ဟဲ ချဲရောင်းနေတယ် အကြောင်းပြတာပေါ့၊ ချဲစာအုပ်လေး ခါးကြားထိုးပြီး စက်ဘီးတစီးနဲ့ ရပ်ကွက်ပတ်လိုက်၊ ဈေးပတ်လိုက်နဲ့ ဟေးလားဝါးလား ဘဝ ရောက်သွားတယ်။
စကားကြုံတုန်းပြောရရင် ကျနော် အဲဒီ ချဲ ခေတ်ကောင်းပိုင်းကို နဲနဲလေး မှီလိုက်တယ် ဆိုပါစို့၊ ကျနော် ဒိုင်ကိုင်ခဲ့ သမျှ တလျှောက်လုံး မှတ်မှတ်ရရ တခါဘဲ အပြည့်လျှော်ဘူးတာ၊ ကျန်တာတွေကတော့ သဗိတ်ဝင် အိပ်ဝင်ပါဘဲ။ ရော်ရ ဘေးလေး တွတ်လေး နဲနဲပါပါးပေါ့၊ အဲ သူဌေးတော့ ဖြစ်မလာပါဘူး။
ကုလားခပ်တဲ့ရေ ကုလား ဖင်ဆေးတာနဲ့ ကုန်တယ် ဆိုရမလား ပိုက်ဆံက ဘယ်ရောက်သွားမှန်းကို မသိဘူး၊ ထားလိုက်ပါ ခု စီးပွားရေး အကြောင်းပြောနေတာမှ မဟုတ်တာ အချစ်ဇတ်လမ်းရေးနေတာ၊ ဟိုရေးဒီရေးနဲ့ ခုထိ ရုပ်လုံးကို မပေါ်သေးဘူး၊ အပလာတွေ များနေတယ်။ နောက်တပို့စ်လောက်ဆို ပါလာတန်ကောင်းပါရဲ့။
အဲဒီမှာ ဝင်ငွေကလဲရှိလာ၊ နဲနဲလဲ သုံးလာနိုင်တော့ မိန်းမကိစ္စလဲ ပါလာတယ်ပေါ့၊ အချစ်ဇတ်လမ်းမလာသေးဘူးနော်၊ မိန်းမ ကိစ္စ ဆိုလို့ အချစ်ဇတ်လမ်း လို့ မထင်နဲ့အုံး၊ လူကဝင်ငွေဖြောင့်လာတော့ အိပ်ယာကထတာနဲ့ မှန်နေပြီ၊ လှုတ်ရှားလို့ကောင်းရုံ လောက်ပေါ့။
ဒီဆေးတွေက အသွက်ဆေးတွေဗျ၊ ချပြီး လူကသွက်လက်နေတာ၊ အိုဗာ ဖြစ်လဲ လူကသွက်တုန်း၊ ဒါပေမဲ့ ဘာမှတော့ မမှတ်မိတော့ဘူးပေါ့၊ ဒီတော့ အိုဗာဖြစ်အောင်တော့ ချလို့မရဘူး၊ ကိုယ်က ချဲရောင်းတာဆိုတော့ နံပါတ်ကလဲ မှတ်မိဘို့လိုသေးတယ်။
တကွက်ထဲ ၂ ယောက်ရောင်းမိလို့ အဲ့အကွက်ပေါက်သွားရင် သေရော၊ ဖင်ဆီဒိုင်းဆို တနေ့တလုံး (နေ့ တပိုင်း၊ ညနေ တပိုင်း) ပေါ့၊ အဲဒီကြားထဲ နဲနဲလိုရင် ဆရာကြီးတို့ တက်ပလက်တို့ ထပ်ပေါင်း၊ နဲနဲ ပေါ့၊ လုံးဝ သတိလက်လွတ်ဖြစ်အောင် မလုပ်ဖူး၊
အဲ မိန်းမကိစ္စ ဆိုပေမဲ့ ဖါချ ကို ပြေတာတော့ မဟုတ်ဘူး၊ အဲဒီအချိန်ထိ ကျနော် လူပျိုစစ်စစ်ဘဲ ရှိသေးတာ၊ အဲဒီတုန်းက လွယ်လွယ်ကူကူရတဲ့ အနှိပ်ခန်းတို့ ဘာတို့လဲ မရှိဘူးဗျ၊ ဖါတော့ ရှိပါတယ်၊ ချကို မချချင်တာ၊ မကြိုက်တတ်သေးတဲ့ ကာလ ဆိုပါစို့၊ နောက်တော့လဲ နောက်တော့ပေါ့။ကျနော် ပထမဆုံး ဈေးဦးပေါက်တာက ကက လေးဗျ၊ ယောက်ကျားကြိုက်တဲ့ ယောက်ကျားလျှာမလေး ဆိုပါစို့။ အဲ့ဒီ ကက လေး ကို အမှီပြုပြီး စာတပုဒ်လောက်ရေးဖို့တောင် စဉ်းစားမိသေးတယ်။
မိန်းမကြိုက်တဲ့ မိန်းမလျှာ လှလှလေး အကြောင်းရေးပြီးမှ ယောက်ကျားကြိုက်တဲ့ ယောက်ကျားလျှာ ကက မလေး အကြောင်း မရေးချင်တော့တာနဲ့ မရေးတော့တာ။ခုတော့ ကြုံတာနဲ့ နဲနဲလောက်ပြောရင်ကောင်းမလား၊ ခုဇတ်လမ်းမှာ သူနဲ့ ဘာမှမဆိုင်ပေမဲ့၊ ဈေးဦးဖေါက်ခဲ့တဲ့ သူဆိုတော့ မေ့ထားလို့လဲ မကောင်းပြန်ဘူးဗျ။
အတိုချုပ်လေးတော့ ပြောမယ်ဗျာ၊ ချဘူးတဲ့ သူတွေ သိပါတယ်၊ ဖင်ဆီဒိုင်း ဆိုတာ စကားပြောလို့ အင်မကောင်းကောင်းတဲ့ အမျိုးဗျ၊ သူဝင်သွားရင် လူကလဲ သွက်လာတယ်၊ အပြောအဆိုကလဲ ညက်လာတယ်ပေါ့ဗျာ၊ အဲဒီမှာ ဘော်ဒါတစု ကောင်းမှု့နဲ့ ကက လေးနဲ့ သိတယ်ပေါ့။
ကက ဆိုပေမဲ့ သူက လူတကာကို ကက မလုပ်ဖူးဗျ၊ ကျနော်နဲ့ ဆက်ပေးတဲ့ ဘော်ဒါတစုက သူနဲ့ ပေါင်းပေမဲ့ တယောက်နဲ့မှ သူ မက ခဲ့ဘူး၊ သူ က ခဲ့တဲ့သူတွေတော့ ရှိပါတယ်၊ အတိအကျတော့ ကျနော်မသိပါဘူး၊ ပုံစံကတော့ ပါးပါးလှပ်လှပ်ပါဘဲ၊ ဆံတိုလေး၊ ယောက်ကျားမ စတိုင်၊ အသားခပ်ညိုညို၊ ကြည့်ပျော်ရှု့ပျော်လေးပါဘဲ။
သူကလဲ ကြိုက်တတ်တယ်၊ ကျနော်တို့ ချတဲ့ ဟာတွေကို၊ ပထတော့ ဘော်ဒါ အဖြစ်ရှဲတာပေါ့၊ နောက် ကျနော်က သူ့ကို အမြဲထောက်ပံ့ နိုင်တော့ ကျနော့် သတ်သတ်မှတ်မှတ်လေး ဖြစ်သွားရောဆိုပါစို့။
အဲဒီမှာ သူကလဲ ကျနော့် လိုအပ်ချက်ကို သူနိုင်သလောက် ပြန်ပံ့ပိုးတယ်ပေါ့ဗျာ၊ ချဲတွေ ဘာတွေ ဝိုင်းရောင်းပေးတယ်၊ ဘောက်ချာတွေ ဘာတွေ ကူဖွင့်တယ်၊ ဘောက်ချာနဲ့ စာအုပ်ထဲက နံပါတ် ကူတိုက်ပေးတယ်၊ ရောင်းတဲ့ နံပါတ် မထပ်အောင်ပေါ့၊ မဲပြာပုဆိုး ဇာတ်လမ်းပေါ့။ သတ်သတ်မှတ်မှတ်လေး လိုဖြစ်သွားတော့ အီစီကလီ ဂွင်လေးထဲရောက်သွားတယ်၊ ဘာညာသရကာနဲ့ ပထမတော့ လက်ကိုင် ဒူးကိုင်ပေါ့၊ နောက် ပခုံးဖက် ခါးဖက်၊ ဖြစ်လာတာပေါ့၊ အဲ နမ်းတော့ မနမ်းသေးဘူး၊ ပါးတို့ နှုတ်ခမ်းတို့ ပြောတာပါ။
အဲ တနေ့တော့ ဘော်ဒါတပွေ အိမ်မှာ စုမိတယ်၊ သူ့အိမ်က လူတွေခရီးထွက်သွားလို့ သူတယောက်တည်း အိမ်စောင့်နေတဲ့ အချိန်ပေါ့၊ အဲဒီမှာ ထုံးစံအတိုင်း မကောင်းမှု့တွေ ပါလာတာပေါ။
အဲ့ဒီ ကက မလေးလဲပါတယ်၊ ဖင်ဆီဒိုင်းက သွက်ပေမဲ့ ဆရာကြီးဆိုတဲ့ မားကတော့ အငြိမ်ဗျ၊ အဲဒီမှာ အဓိက ချဖြစ်တာက အဲ့ဒါ၊ ဟင်းထဲတောင် ထည့်ချက်လိုက်သေးတယ်၊ အဲဒီမှာ ဘော်ဒါတပွေက ကျနော့်နားကပ်ပြီး တိုးတိုးလေးမြှောက်ပေးတယ်၊ ဟေ့ကောင် မင်းဟာမလေး အပေါ်ထပ်ခေါ်သွားကွာ တဲ့။လူကလဲ ခပ်ဘုဘု ဆိုတော့ ရိုက်ထားတဲ့ ဆေးပေါ့လိပ် အသစ် တလိပ်ဆွဲပြီး အဲ့ ကက မလေးကို လက်ဆွဲလို့ လာ အပေါ်မှာ သွားနှပ်မယ် ဆိုပြီးခေါ်လိုက်တယ်၊ လိုက်လာတယ်ဗျာ။
လူကလဲ ဘုနေတာဆိုတော့ တကယ့်ကို ဘုမသိ ဘမသိ နဲ့ ဈေးဦးပေါက်သွားတယ်ပေါ့ဗျာ၊ ဟဲ ဟဲ သိတယ် သိတယ်၊ ခင်ဗျားတို့ အသေးစိတ်သိချင်တာမဟုတ်လား၊ မှတ်မိသလောက်တော့ ပြောမယ်ဗျာ၊ ကျနော်လဲ အဲဒီတုန်းက တကယ် ဘု နေတာဆိုတော့ ကောင်းကောင်းတော့ သိပ်မမှတ်မိဘူး။
အပေါ်မှာက ကျနော့်ဘော်ဒါအိပ်ယာရှိတယ်ဗျ၊ အခန်းနဲ့ သတ်သတ်မှတ်မှတ်တော့မဟုတ်ဘူး၊ ပထမတော့ အိပ်ယာပေါ်ထိုင်လို့ ပါလာတဲ့ ဆေးပေါ့လိပ် မီးညှိပြီး တယောက် ၂ ဖွာ ၃ ဖွာလောက် ချလိုက်သေးတယ်၊ နောက် ဆေးလိပ်ကိုဘေးက ဆေးလိပ်ခွက်ထဲ ချလို့ သူ့ ခါးဆွဲဖက်တော့ ကျနော့် ရင်ခွင်ထဲ ဆင်းလာတာလဲ မှတ်မိသေးတယ်။
စကားပြောဖြစ်လား မပြောဖြစ်လား မသိပါဘူး၊ နောက် အိပ်ယာပေါ် ၂ ယောက်သား လဲသွားတာဘဲ၊ ရုပ်ရှင်ထဲမှာဆိုရင်တော့ ကင်မရာက မျက်နှာကျက်ဆီ ထောင်သွားမဲ့ အချိန်ပေါ့။စာရေးတယ်ဆိုတော့ အပေါ်ကိုထောင်လို့မှမရဘဲ၊ အဲဒီမှာ သူ့ကို စနမ်းဖြစ်တာပေါ့၊ လူက တခါမှကြုံဖူးပေမဲ့ အပြာကားကတော့ ကြည့်ဖူးတာပေါ့ဗျာ၊ ကြည့်တာမှ ခန ခန ကိုကြည့်ဖူးတာပေါ့၊
သိပ်တော့လဲ ထူးထူးခြားခြားမဟုတ်ပါဘူး၊ နမ်းတယ်ဗျာ၊ ပါးကိုရော၊ နှုတ်ခမ်းကိုရော၊ ငြင်ငြင်သာသာပါဘဲ၊ လူက ငြိမ့်နေတာဆိုတော့ ဘာတခုမှ အကြမ်းဗတမ်း မရှိဘူးဗျ၊ အဝတ်တွေ ဆွဲချွတ်တာလဲ ခပ်ဖြေးဖြေးဘဲ၊ အဲ လုံးဝ ဆွဲချွတ်တာမဟုတ်ဘူး။
ဖြေလိုက်တဲ့သဘော၊ လုပ်ရကိုင်ရလွယ်အောင်၊ သိတယ်မှုတ်လား၊ ပြီးတော့ မား ဆိုတာ အရာရာကို နှေးကွေးစေတာ၊ ညင်သာတယ်ဗျာ၊ ခုနေ အခွင့်ကြုံရင် အဲ့လိုဘဝမျိုး ပြန်ရောက်ချင်တာ၊ ပေါ်လာတဲ့ နို့တွေ လဲ စို့တာပေါ့ဗျာ၊ ဖြေးဖြေးဘဲ၊ စိမ်ပြေနပြေကို စို့တာပေါ့။
ဘု နေတာဆိုတော့ ဖီလင်ကတော့ ရေလယ်တက်တာပေါ့၊ သူလဲ တက်တာပေါ့၊ ပြီးတော့ တက်ဖိတော့တာပေါ့၊ ဘယ်ကလာ ကျနော်တို့ ဖတ်တဲ့သူတွေ သွားရည်ကျအောင် ရေးနေကျ အင်း အင်း အီး အီး အား အား အိုး အိုး ဖွတ် ဖတ် ဖွတ် ဖတ် ဒုန်း ဒုန်း ဒိုင်း ဒိုင်း တွေဘယ်လာမလဲ၊ ညင်ညင်သာသာပေ့ါ။အသက်ရှုသံ ခပ်ပြင်းပြင်းရှိမယ်၊ တိုးတိုးတိတ်တိတ်လေး ညီးသံလေးတခါတခါ ရှိမယ်ပေါ့၊ ဒီလောက်ပါဘဲ၊ လျှောလျှောရှုရှုဝင်သွားလား၊ တင်းတင်းကြပ်ကြပ်ဝင်သွားလား မှတ်တောင် မမှတ်မိတော့ပါဘူး။
နောက်ပိုင်း ထပ်ဖိတဲ့အခေါက်တွေ ကျတော့လဲ လျှောလျှောရှုရှုဝင်တာပါဘဲ။ ဒါပေမဲ့ ပထမ ဈေးဦးပေါက်ကတော့ တကယ့်ကို ဘုမသိ ဘမသိ ပါဘဲ၊ အဲ ဖီလင်ကတော့ ရေလယ်တက်တာ ကောင်းကောင်းမှတ်မိတယ်၊ ပြီးတော့ မီးသေနေတဲ့ ဆေးပေါ့လိပ် ထပ်ညှိလို့ ထပ်တင်လိုက်ပြီး သေချာဖက်ပြီး နှပ်တာ၊ ညနေကိုစောင်းရော။
အစရှိ နောက်နောင် ဆိုသလို အခွင့်အရေးရရင် ရသလို ဖိဖြစ်တယ်ပေါ့၊ တောင်းနေစရာတောင်မလိုပါဘူး၊ အခွင့်အရေးရတဲ့ အချိန်ဆို ဆွဲဖက်လိုက်တာနဲ့ အလိုလိုပါလာတာ၊ မိန်းမလဲ လက်တွေ့ကျကျ လုပ်တတ်သွားတယ်ပေါ့။
နောက်သူက သူ့အိမ်မှာလူရှင်းရင် ကျနော့်ကို ခေါ်တယ်၊ သူ့အိမ်ကလဲ တခါတခါ နေ့ဘက် ဆို သူတယောက်တည်း၊ သူ့အတွက် သူကြိုက်တာတာ့ ယူသွားရတာပေါ့၊ သူ့အိမ်မှာလဲ ဖိဖြစ်တယ်၊ နောက် ဘော်ဒါတွေက ပြောတယ်၊ အဖမ်းခံရမယ် ဆိုပြီး၊ ရဲဖမ်းတာကိုပြောတာမဟုတ်ဘူး၊ သူဖမ်းတာကိုပြောတာ။
တော်ကြာ သူကဘဲ ဖြစ်ဖြစ်၊ တယောက်ယောက်ကဘဲ ဖြစ်ဖြစ် ချွန်လိုက်လို့ ရပ်ကွက်လူကြီး အိမ်ပေါ်တက် ဖမ်းလို့ ဖိရက်သား မိရင် ဂွိပြီဆရာ၊ အဲဒါမျိုးကို ပြောတာ၊ ကျနော်ကလဲ ဖိသာ ဖိနေတာ၊ နောက်ပိုင်း ဖီးလ် သိပ်မလာတော့ဘူး၊ ဘယ်လိုခေါ်မလဲ သံယောဇဉ် ဖြစ်မလာဘူး။ပွင့်ပွင့်လင်းလင်းပြောရရင် သူ့ကို စော်ကားတော့ မဟုတ်ဘူး၊ စိတ်ထဲဖာ လာချသလို ဖြစ်နေတာ၊ ဖိပြီး သူနဲ့ ဆက်နေချင်တဲ့ စိတ်ကို မဖြစ်လာဘူး၊ ထပြန်ချင်တာဘဲ၊ အဲ . . မဖိခင်ကတော့ အဆင်ပြေသား။
နောက်တော့ လမ်းကြောင်းက ပြောင်းသွားတယ်၊ နောက်တခြားဘော်ဒါတွေနဲ့ ထပ်တွဲမိပြီး အရင်လမ်းကြောင်းကို အရောက်ကျဲသွားတယ်၊ အဲဒီ ကက လေးနဲ့လဲ အတွေ့ကျဲလာတယ်၊ သူကတော့ ဘော်ဒါတွေကနေတဆင့် ကျနော့်ကို မေးတယ်ပြောတာဘဲ၊ အသဲအသန်တော့ လိုက်မရှာဘူး၊ ကျနော်ကလဲ မသွားဖြစ်ဘူး။
အဲဒီမှာ မမ နဲ့ တွေ့တာ၊ နောက်ဘော်ဒါတွေဆိုပေမဲ့ အရင်ကတည်းက သိနေတဲ့ သူချည်းပါဘဲ၊ တမြို့လုံး တော်တော်များများက ဟိုလူ ဒီလူ သိနေကြတာပါဘဲ၊ အထူးသဖြင့် ကျနော်တို့လို အသိုင်းအဝိုင်းမှာပေါ့၊ အဲဒီမှာ စတည်းချဖြစ်တာက သမဝါယမ ရံပုံငွေ လဖက်ရည်ဆိုင် တခုပေါ့။
လဖက်ရည်ကောင်းလို့တော့ မဟုတ်ဘူး။ လူရှင်းလို့၊ ကျနော်တို့က တခါ တခါ လဖက်ရည်ဆိုင်ထိုင်ရင် အနဲဆုံး ၂ နာရီ လောက်ကြာတတ်တာ၊ ကြုံရင် ကြုံသလို အကုန်လုပ်တာဆိုတော့ လူရှင်းတဲ့ ဆိုင်က အဆင်အပြေဆုံး၊ ဆိုင်ကောင်းကြီးတွေက ထိုင်တာကြာရင် သိပ်မကြိုက်ဘူး။လူလဲစုံတယ်၊ လုပ်ရကိုင်ရလဲ မလွတ်လပ်ဘူး၊ သိတဲ့ လူကြီးတွေတွေ့သွားပြီး မင်းသားကို ဘယ်လိုဘာညာနဲ့ဆို အိမ်ကိုပြောလိုက်ရင် ကွိုင်ကပူအုံးမယ်၊
ဒါနဲ့ ဒီလိုဆိုင်မျိုးမှာ ထိုင်ဖြစ်တယ်၊ အဲဒီမှာ မမ က အဲဒီဆိုင်က ကောင်တာမှာ ပိုက်ဆံကောက်တာ၊ အဲဒီ ရံပုံငွေ ဆိုင်က ဘောက်ချာ အရင်ဖြတ်ရတာ၊ ဆိုင်ထဲဝင်လာရင် ကောင်တာသွား အဲ မမ ဆီပေါ့လေ၊ လဖက်ရည်က ဘယ်နှစ်ခွက်။
နောက် မှန်ဘီဒိုထဲက စားချင်တဲ့ မုန့်ကို ဟိုလက်ညိုးထိုး ဒီလက်ညိုးထိုးနဲ့စားချင်တာရှိရင်မှာ မမက ဘောက်ချာထဲရေး၊ ကျသလောက် ပိုက်ဆံပေး၊ ပြီးတော့ ကျနော်တို့ ဆိုင်ထဲက ထိုင်ချင်တဲ့ ခုံ သွားထိုင်စောင့်နေရုံပေါ့၊ ပြီးတော့ အဲဒီက တခြားကောင်မလေး တယောက်က မှာထားတာတွေ ဘောက်ချာအတိုင်း လာချပေးတယ်။
ဒီလိုမျိုး။ အပြင်က လဖက်ရည်ဆိုင်တွေနဲ့တော့ ကွာတာပေါ့၊ ထိုင်တာနဲ့ စားပွဲထိုးကပြေးလာပြီး အကိုဘာသောက်မလဲ မမေးဘူး၊ စားပွဲပေါ်မှာ မုံ့တွေလဲ အဆင်သင့် မရှိဘူး၊ ပြီးတော့ ခန ခန စားပွဲနားလာပြီး အကို ဘာလိုသေးလဲ မလာဘူး။ မှာထားတဲ့ ဟာလာချပြီး အနားလာရောက်လာတာ ဆိုလို့ ယင်ကောင်ဘဲရှိတော့တယ်။ အဲ့လောက်ထိကောင်းတဲ့ဆိုင်။
အဲဒီဆိုင်မှာ မမရယ်၊ နောက် စားပွဲထိုး သဘောမျိုး ကောင်မလေး ၂ ယောက်ရယ်၊ လဖက်ရည်ဖျော်တဲ့ ယောက်ကျားကြီး တယောက်ရယ်၊ တခါတလေ အဒေါ်ကြီးတယောက်လဲတွေ့တယ်၊ ဒီလောက်ဘဲရှိတာ၊ သောက်တဲ့သူကလဲ ကျိုးတိုးကျဲတဲ၊ ကျနော်တို့ အတွက်ကတော့ တကယ့်ဘိပေါ့။
ခုမှ ဒီဆိုင် ကျနော် ရောက်ဖူးတာ၊ အဲဒီမှာ မမ ကိုမြင်မြင်ချင်း ကျနော် သဘောကျသွားတယ်၊ မြင်မြင်ချင်း ချစ်သွားတာမျိုးတော့ မဟုတ်ဘူး၊ သဘောကျသွားတာ၊ မမ မျက်နှာလေးက တကယ့်ကို အေးချမ်းတယ်ဗျာ၊ ထူးထူးခြားခြားဘာမှလဲ မပြင်ဆင်ထားဘူး။သူ့ ဆံပင်တွေကလဲ အရှည်ကြီး၊ မတ်တပ်ရပ်လိုက်ရင် တင်ပါးတောင်ဖုံးတယ်၊ ပြီးတော့ ဖြောင့်နေတာဘဲ၊ ဆိုင်က ကောင်မလေးတွေနဲ့ ပြုံးရယ်ပြီး စကားပြောပေမဲ့ ကာစတန်မာတွေနဲ့ကျတော့ ခပ်တည်တည်ဗျ။
ဒီလောက် ချောတဲ့ မမ ကောင်တာထိုင်နေတာတောင် လဖက်ရည်လာသောက်တဲ့ ပရိသတ်က ကျိုးတိုးကျဲတဲ ဆိုတော့ စဉ်းသာစားကြည့်ပါတော့ဗျာ၊ ဘယ်လောက်ကောင်းတဲ့ လဖက်ရည်လဲ ဆိုတာ။ ဒါပေမဲ့ ကျနော်တို့က နေ့တိုင်းထိုင်ဖြစ်တာဗျ၊
ထိုင်တိုင်း ကျနော်က မမကို မြင်ရတဲ့ နေရာဘဲ ထိုင်တာ၊ စားပွဲဆိုတော့ သူ့ကို ကြောပေးတဲ့ ခုံလဲရှိတယ်လေ၊ ကျနော်ကသူ့ကို တန်းတန်းမတ်မတ် မြင်ရတဲ့ နေရာဘဲ ထိုင်ပြီး ခန ခန ကြည့်တာ၊ တချိန်လုံး သွားရည် တများများနဲ့ ရုပ်ပျက်ဆင်းပျက် ငန်းနေတာမျိုးတော့ မဟုတ်ဘူး။
ဘော်ဒါတွေနဲ့ အာလူးဖုတ်လိုက်၊ သူ့ ငေးလိုက်ပေါ့။ အဲဒီမှာ မမက ကျနော့်ရင်ထဲ တဖြေးဖြေးဝင်လာတာ၊ တခါငေးပြီးရင် မျက်စိကို မလွှဲချင်ဘူး၊ အဲ့လောက် ကြည့်လို့ ကြက်သရေရှိတာ၊ တခါတလေလဲ ကျနော်နဲ့ သူ အကြည့်ချင်း ဆုံတတ်တယ်၊ ခနလောက်ပေါ့။
ကျနော့်စိတ်ထင် သူဆိုင်ထဲကို လှမ်းကြည့်ရင်း မတော်တဆဆုံတယ်လို့ ထင်တာဘဲ၊ အဲလို ၃- ၄ ရက်လောက် ငေးအပြီး ကျနော့် ရင်ထဲ သေချာသလောက်ရောက်လာတော့ ဘော်ဒါတွေကို ပြောလိုက်တယ်။ “ဟေ့ကောင်တွေ ငါ မမ ကိုချစ်မိနေပြီ” လို့။
အဲဒီမှာ ဘော်ဒါတွေကလဲ အားပေးတယ်၊ လိုက်ကွာ ပေါ့၊ အင်း ကြိုက်မှတော့ လိုက်ရမှာပေါ့၊ မမ ကိုလိုက်မယ်ပေါ့၊ ဒါပေမဲ့ ဘယ်ကနေ ဘယ်လို စရမှန်း မသိဘူး၊ အဲဒီမှာ ဘော်ဒါတပွေက ပြောတယ်၊ ဟေ့ကောင် မင်းတယောက်တည်း ဘောက်ချာ သွားဖြတ်ကွာ။ငါတို့အတွက် ကြည့်ကျက်မှာခဲ့၊ ကြုံရင် ကြုံသလို အလာပ သလာပ ပြောလို့ရတဲ့သဘောပေါ့၊ ခါတိုင်းဆို တဖွဲ့လုံး ကောင်တာရှေ့ တယောက်တပေါက် စားချင်တာ မှာတာဆိုတော့ စကားပြောဘို့ အခွင့်အရေးက မရှိဘူးလေ။
အဲဒါနဲ့ နောက်နေ့ကျ ဆိုင်လာတော့ ကျနော်က ကောင်တာ တန်းလာခဲ့တယ်၊ ဟိုကောင်တွေက ထိုင်နေကျ နေရာ တန်းပြီး သွားထိုင်တာပေါ့၊ ဆိုင်မလာခင် ကစ်လာတာဆိုတော့ ဆံပင်ကနဲနဲထောင်နေပြီလေ၊ နဲနဲလဲ အာသွက်တဲ့ အချိန်ပေါ့၊ အဲဒီနေ့က မမပုံစံသေချာမှတ်မိတယ်ဗျာ။
နောက်ပိုင်း မမဆီက ဒီလိုပုံမျိုး ခန ခနကြုံရတာဆိုတော့၊ မမ အဲဒီနေ့က နေမကောင်းဖြစ်နေသလို အနွေးထည်ခပ်ပါးပါးနဲ့၊ လက်ရှည်ကို တထောင်လောက်ထိ ဆွဲတင်ထားတာဆိုတော့သူ့အသားကို မြင်နေရတဲ့ အပိုင်းလေးက ဆနွင်းတွေ လိမ်းထားတာ ဝါလို့၊ ဆနွင်းနံ့လေးတောင် သင်းသင်းလေးရနေသေးတယ်၊ ကျနော် မြင်မြင်ချင်း အလိုအလျှောက်မေးဖြစ်သွားတယ်။ မမ ဘာဖြစ်လို့လဲ ပေါ့၊ မမကလဲ သူဆနွင်းတွေ လိမ်းထားတာကို မေးတာသဘောပေါက်တယ်၊ နေသိပ်မကောင်းလို့ တဲ့ ယျေဘူယျသဘောနဲ့ ဝတ်ကြေတန်းကြေဘဲ ပြန်ဖြေတယ်၊ သူ့မျက်နှာကလဲ ခပ်နွမ်းနွမ်း၊ ဆံပင်ရှည်ကြီးကိုလဲ အဖွားကြီး စတိုင် ဘီးစပတ်ကြီး ပတ်လို့။
ပလပ်စတစ်ဘီးအကြီးကြီးနဲ့။ ကျနော်ကသူ့ကို ငေးကြည့်တုန်း ဘာမှာမလို့လဲ ဆိုပြီး လေသံဖျော့ဖျော့လေးနဲ့ လှမ်းမေးတယ်။ မမက ဒီလိုဘဲ စကားပြောရင် တိုးတိုးလေးဗျ၊ အဲဒါနဲ့ဘဲ လဖက်ရည် ၄ ခွက် ဆမူဆာ တပွဲ ထုံးစံအတိုင်း မှာလိုက်တယ်၊ မမလဲ ဘောက်ချာရေးပေါ့။ဘယ်လောက်လဲ မပြောပါဘူး၊ သူရေးတဲ့ ဘောက်ချာကြည့်လိုက်ရင် ဘယ်လောက်လဲ သိနေတဲ့ဟာ၊ ကျနော့် စိတ်ထဲ ကိုယ်ကြိုက်နေလို့လားမသိဘူး။
ပြန်မလှည့်ထွက်ခင် မမကိုကြည့်ရင်း ကျနော့်ပါးစပ်က စကားတခွန်း အလိုအလျှောက်ထွက်သွားတယ်။း၊ အဲလို ဘီးစပတ်ကြီးနဲ့ ဆနွင်းတွေ လိမ်းထားတဲ့ မမကလဲ လှနေတာဘဲဗျ၊ အဲဒါ ပိုက်ဆံတွေ ဘာတွေ ပေးပြီးတော့
“မမ ကိုကြည့်ရတာ မီးနေသည် အတိုင်းဘဲ” ဆိုပြီး
ရုတ်တရက် မမ ခနကြောင်သွားတယ်၊ နောက် ပြုံးတယ်၊ ကျနော့်ကြောင့် မမ ပြုံးတာ မြင်တော့ ပျော်လိုက်တာလေ၊ အဲဒါ ကျနော့်ကြောင့် မမ ပထမဆုံး ပြုံးတာ၊ အဲ့ဒီအချိန်ကစပြီး မမနဲ့ ကျနော် ခန ခန မျက်စိချင်း ဆုံမိတယ်။ခါတိုင်းဆို ကျနော်တို့က ဆိုင်မပိတ်ခင် ပြန်တာ၊ သူတို့ဆိုင်က ညနေစောင်း ၄ နာရီလောက်ဆို ပိတ်ပြီ၊ သမဝါယမ ရံပုံငွေ ဆိုင်ဆိုတော့ အပြင်ဆိုင်တွေလို လောဘမရှိဘူးလေ။
ဒီကြားထဲ အင်္ဂါလားမသိဘူး တပတ်မှာ တရက်က ပိတ်သေးတယ်၊ သူနဲ့ စာပွဲထိုးလုပ်တဲ့ ကောင်မလေး ၂ ယောက်အတူတူ လမ်းလျှောက်ပြန်တယ်။သိပ်တော့ မဝေးဘူး ၁၅ မိနစ်၊ မိနစ် ၂၀ လောက် လျှောက်ရမှာပေါ့၊ ဒါပေမဲ့ လမ်းမကြီး မဟုတ်တော့ လူက နဲနဲပြတ်တယ်၊ အဲဒီနေ့က ကျနော်တို့လဲ ဇွဲကောင်းကောင်းနဲ့ ဆိုင်ပိတ်ထဲ အထိ ထိုင်ကြတယ်။
ဆိုင်ပိတ်ပေမဲ့ သူတို့က တော်ရုံထွက်မလာဘူး၊ အထဲမှာ ဘာညာကွိကွတွေ လုပ်ရသေးတယ်၊ နဲနဲပါးပါး သိမ်းတာဆည်းတာပေါ့၊ ပိုက်ဆံကတော့ ဆိုင်မပိတ်ခင် နာရီဝက်လောက်ကတည်းက ဘောက်ချာနဲ့ တိုက်ပြီး ရည်ပြီးပြီ၊ ဟဲ ဟဲ ဒီလောက်ဆို ကျနော်ဘယ်လောက်ထိ စနည်းနာထားလဲ ခင်ဗျားတို့ သဘောပေါက်ပေါ့။
ကျနော်တို့အုပ်စုလဲ အပြင်မှာ စက်ဘီးမှီပြီး အလာပ သလာပပြောရင်း စောင့်နေတယ်၊ ရုပ်ရှင်ထဲကလို ဇတ်လိုက်က ဇာတ်လိုက်မကို လိုက်ရင် ဘော်ဒါတွေက ဟိုအကြံပေး ဒီအကြံပေး ဟိုပေါက်ကရပြော ဒီပေါက်ကရပြော သိပ်မရှိဘူးဗျ။ဆေးသမားတွေ မို့လို့လားမသိဘူး၊ ကျနော်က အပြန်သူတို့နောက်က လိုက်ကြည့်မယ်ကွာ လို့ပြောတော့၊ သူတို့ကလဲ အေး လိုက်၊ ကောင်းတယ်၊ ဒါလောက်ပါဘဲ။
သူတို့ လမ်းလျှောက်ပြန်တော့ ကျနော်တို့လဲ စက်ဘီး တွန်းလို့ သူတို့ နောက်က ဓါတ်မီးတိုင် တတိုင်လောက် ခြားပြီး လိုက်ပါရော၊ ဘာရယ်မဟုတ်ပါဘူး၊ ကျနော် ကြိုက်နေမှန်း မမ သိစေချင်ရုံလေးပေါ့၊ သူ့နဲ့ အတူလိုက်ပြန်တဲ့ ကောင်မလေး ၂ ယောက်ကတော့ ကျနော်တို့ ကို ၂ ခါ ၃ ခါလောက် လှည့်လှည့်ကြည့်တယ်၊
နောက်တနေ့ ထုံးစံအတိုင်း ကျနော်တို့ မမ ဆိုင်ရောက်ပြန်ရော၊ ဟဲ ဟဲ ကျနော်ဘဲ ဘောက်ချာ လာဖြတ်တာပေါ့၊ ဒီနေ့တော့ မမက ပုံမှန်ပြန်ဖြစ်သွားပြီဗျ၊ နေကောင်းသွားတဲ့ သဘောပေါ့၊ တွေ့တွေ့ချင်း ကျနော်က မမကို ပြုံးပြလို့ နေကောင်းသွားပြီလားမမ လို့ လှမ်းမေးလိုက်တယ်။
မမ ကလဲ အင်း ဆိုပြီး ခေါင်းညှိမ့်ပြတယ်၊ ကျနော်တို့လဲ ဝင်လာရော ဟိုကောင်မလေး ၂ ယောက်က ကျနော့်ကို မုံ့ဘီဒို နောက်ကနေ မသိမသာ အကဲခပ်နေကြတယ်၊ မျက်နှာကလဲ မချိုမချဉ်နဲ့၊ သူတို့ မမ ကို ကျနော် လာရစ်တာ သိတဲ့သဘော။ထုံးစံအတိုင်း ကစ် ထားတယ်ဆိုတော့ နဲနဲသွက်တာလဲ ပါတယ်၊ နောက် အခြေအနေက ထင်သလောက်လဲ မဆိုးတော့ နှုတ်သွက်အာသွက်လဲ နဲနဲဖြစ်တယ်ပေါ့၊
“မနေ့က စိတ်ပူလို့ ပြန်တော့ မမ နောက်လိုက်ကြည့်သေးတယ် သိလား”
နဂါးမှန်းသိအောင် အမောက်ထောင်ပြလိုက်တဲ့သဘောပါ၊ မမ ကကျနော့်ကို ပြန်ကြည့်ပြီး ဘာမှမပြော၊ ဒါပေမဲ့ မမ ကြည့်တဲ့ ပုံက တမျိုးဗျ၊ မျက်စောင်းထိုးတဲ့ပုံလဲ မဟုတ်။သူ့မျက်ဝန်း နက်နက်လေးကို အပေါ်ဒေါင့်နား ကပ်ပြီး စွေစောင်းစောင်းလေး ကြည့်တာ၊ သူကကောင်တာမှာ ထိုင်နေတော့ ရှေ့မှာရပ်နေတဲ့ ကျနော်က ပိုမြင့်နေတာကိုး၊ အဲ့ဒီပုံစံလေးကလဲ ချစ်ဖို့ ကောင်းသားဗျ။
တကယ်လို့ သူက ဘာလိုက်လုပ်တာလဲ ဘာညာ စကားပြန်ပြောရင် ကိုယ်က ပြန်စလို့ရပေမဲ့၊ ဘာမှ မပြောတော့ ဘယ်လိုဆက်ရမှန်း မသိဘူးဗျ၊ မမကတော့ တကယ့်ကိုစကားနဲ ရန်စဲပုံမျိုး၊ ဒါနဲ့ဘဲ ထုံးစံအတိုင်း လဖက်ရည်မှာလိုက်တယ်၊ ဘာပြောရမှန်းမသိတော့၊ ဒီတော့ စကားမရှိ စကားရှာလို့
“မမ လဖက်ရည်ထဲက တခွက်ကို ချိုဆိမ့်လေး ဖျော်ပေးလို့ ရလား”
“ရပါတယ်” တဲ့
“သိဘူးလေ၊ ကျနော်တွေ့တာကတော့ လဖက်ရည်တွေ ဟိုခရားကြီးထဲက ခွက်ထဲ လောင်းထည့်တာဘဲတွေ့တာ၊ တခါမှ ဖျော်တာမတွေ့ဘူး”
ကျနော့်စကားကြားတော့ မမက ပြုံးတယ်၊ ပြုံးရင်း အဲဒါက ပုံမှန်ဖျော်ထားတာ၊ မှာရင်တော့ ဖျော်ပေးပါတယ် တဲ့။ဒါနဲ့ ကျနော်လဲ ဘော်ဒါတွေကိုလှမ်းအော်မေးလိုက်တယ်၊ ကျနော်တို့က ဟိုနေ့ကတည်းက ဒီဆိုင်က လဖက်ရည်ဖျော်ဆရာကြီးကို ကြည့်ပြီး ဟားနေတာ။
တယောက်လာလဲ ခရားကြီးထဲက ငှဲ့ထည့်လိုက်၊ ပြူတင်းပေါက်ဘေးဒေါင့်လေးက သူ့ခုံမှာ ထိုင်ပြီး နှပ်လိုက်၊ နောက်တယောက်လာလဲ ခရားကြီးထဲက ငှဲ့ထည့်လိုက်နဲ့ သွားပြန်ထိုင်လိုက် ဆိုတော့ တော်တော်အလုပ်များတဲ့ အဖျော်ဆရာကြီးဆိုပြီး။
“ဟေ့ကောင်တွေ ဖျော်ပေးတယ်တဲ့ မင်းတို့ ဘယ်လိုသောက်မလဲ”
“ကျဆိမ့်”
“ပေါ့ကျ”
“ငါ့အတွက်လဲ ကျဆိမ့်”
“မမ ကျဆိမ့်က ၂ ခွက်၊ ပေါ့ကျက ၁ ခွက်၊ ကျနော့်အတွက် ချိုဆိမ့်လေးနော် မမ”
ကျနော်ရစ်နေလို့လား မသိဘူး ကောင်တာနောက်နားက ချက်ကင်ရိုက်နေတဲ့ ဟို ၂ ယောက်ထဲက တယောက်က မမ အနားလာကပ်ပြီး နှုတ်သွက်လျှာသွက်
“ကော်ပြန့်ကြော်ကော မစားဘူးလား”
သူကမှ ဈေးရောင်းတတ်သေးတယ်၊ မမက ကောင်တာမှာထိုင်ပြီး ဘာမှ ဆွယ်တရား မဟောတတ်။ ဒီလို ပုံမှန် လာပြောလို့ကတော့ ကျနော် ပြန်ပြောတတ်တယ်၊ မမ လို ကိုယ်က ချစ်နေတဲ့ သူကျတော့ စကားကမသွက်။
“နင်တို့ ကော်ပြန့်က ပျော့နေပြီ”
“နဲနဲပြန်နွှေးလိုက်ရင် ကျွတ်သွားမှာ၊ စားမလား နွှေးပေးမယ်”
“ဘာလဲ အလကား ကျွေးမလို့လား”
“ရမယ် အားကြီးကြီး”
“သိဖူးလေ နင်က စားမလားဆို”
“ဝယ်စားမလား ပြောတာ”
“နင် တကယ် ပြန်နွှေးပေးမလား”
“အာ အရစ်ကို ရှည်တယ်”
“ဒါဆို တပွဲလုပ်၊ တပွဲ ၄ ခု မဟုတ်လား”
သူကခေါင်းညှိမ့်ပြတယ်၊ မမ က သူနဲ့ ကျနော်အပြန်အလှန် ရစ်နေတာပြုံးကြည့်နေရင်း ကျနော်က တပွဲလုပ် ဆိုတော့ မမက တခါတည်း ဘောက်ချာထဲ ထည့်ရေးလိုက်တယ်၊ ဒါမျိုးကျတော့ သွက်သား။
“ဒါဘဲမှုတ်လား”
“အင်း”
ဒါပေမဲ့ ဟိုဟာမလေးက မပြီးသေးဘူးဗျ၊ မမ ကဒါဘဲလား မေးတာ ကျနော်က အင်း လုပ်ပေမဲ့ ဟိုဟာမလေးက ဈေးရောင်းတာ တော်တော် တော်တယ်။
“ဟေ့ ကိုဇော် ဆိတ်သားကင်ရော ယူမလား”
မမရှေ့ ပလပ်စတစ်ဘူးရှည်ကြီးထဲ ထောင်ထည့်ထားတဲ့ ဆိတ်သားကင်ခြောက်စည်းလေးတွေကို မေးထိုးပြီး မေးတယ်၊ ရုတ်ကနဲ ကိုယ့်နာမည်ကို ခေါ်လိုက်တော့ အံ့သြသွားပြီးလှမ်းမေးလိုက်တယ်၊
“နင် ငါ့နာမည် ဘယ်လိုသိလဲ”
“ခစ် ခစ် ဒီလိုဘဲ သိတာပေါ့”
ရီပြီးဝေ့လည်ကြောင်ပတ်ဖြေတယ်၊ ကျနော်လဲ ထပ်မမေးတော့ပါဘူး၊ ဒါဆို မမ လဲ ငါ့နာမည်သိတယ်ဆိုတာ သေချာပြီပေါ့၊
“နင့်ဟာတွေက ဘယ်နှခုနှစ်ထဲကဟာတွေလဲမသိဘူး”
“ဘာ ဘယ်နှခုနှစ်ကဟာလဲ၊ ဒီမနက်ကမှ လာပို့သွားတာ၊ တွေ့လား အပြည့်၊ မနေ့က ကုန်နေတာ မတွေ့ဘူးလား”
“မစားသေးဘူးဟာ၊ နောက်မှ စားရင် ထပ်မှာလိုက်မယ်”
“ဒါဆို ဟိုမှာသွားထိုင်တော့ ရပြီ”
ပြုံးပြီး အထာနဲ့ ဒီရှေ့မှာ ဆက်မရစ်ဘို့သွယ်ဝိုက်ပြောလို့ မမ ရေးထားတဲ့ ဘောက်ချာကို ဆုတ်ပြီး ယူသွားတယ်။ မမကတော့ ပြုံးနေတယ်၊ ကျနော်လဲ ပြုံးပြီး လှည့်အထွက် ထူးထူးခြားခြား လက်ဖက်ရည်ဆိုင်မှာ ကြားနေကျ အသံကို ဒီလဖက်ရည်ဆိုင်မှာ စကြားလိုက်တယ်။
“ကျဆိမ့် ၂၊ ပေါ့ကျ ၁၊ ချိုဆိမ့် ၁”
ကျနော်လဲ ဘော်ဒါတွေနဲ့ လာပြန်ထိုင်ပြီး အဖျော်ဆရာကြီး ဘယ်လိုဖျော်မလဲ ကြည့်တာပေါ့၊ မြင်လဲမြင်နေရတယ်လေ၊ ထူးတော့ နဲနဲထူးသွားတာပေါ့၊ ခွက်ထဲကို ခရားကြီးထဲက ငှဲ့ထည့်တာတော့ ထည့်တုန်းပေါ့။ ဒါပေမဲ့ အပြည့်မထည့်တော့ဘူး။
သူက ပုံမှန် ဖျော်ထားတာထည့်ပြီး ကျနော်တို့ မှာတဲ့အတိုင်း ရေနွေးရောတန်ရော၊ အကျရည်ရောတန်ရော၊ သကြားနို့ဆီ ရောတန်ရောနဲ့ နဲနဲလေး ထပ်ကွန့်လိုက်တာပါဘဲ၊ အပြင်ဆိုင်တွေလို တခွက်ချင်း သီးသန့် မဖျော်ဘူးဗျ။ ဘယ်လိုဘဲ ဖြစ်ဖြစ် ကိုယ်ကြိုက်သလို သောက်ရတော့ စိတ်ထဲ နဲနဲ နေသာထိုင်သာ ရှိသွားတယ်ပေါ့ဗျာ၊
ပြီးတော့ မှာထားတာတွေ အဲဒီ မလျှာရှည်လေးက လာချပေးတယ်၊ ဒီဈေးရောင်းတော်တဲ့ ကောင်မလေးကို ကျနော် မလျှာရှည်လို့ဘဲ ခေါ်တော့မယ်၊ နောက်နာမည်တွေတော့အလိုလို သိလာပါတယ်။
ဒါပေမဲ့ လွယ်လွယ်ကူကူ ဒီလိုဘဲ သုံးသွားတော့မယ်၊ ဟိုတယောက်ကတော့ စကားသိပ်မပြောဘူးဗျ၊ အဲ အရီတော့ သန်တယ်၊ နဲနဲဆို တခစ်ခစ် ရီတာဘဲ။ ထားလိုက်ပါတော့ သူ့ကိုကျ မခစ်ခစ် လို့။သူက မှာထားတာဘမ်းနဲ့ ထည့်ယူလာပြီး ချပေးတာဗျ၊ အပြင်ဆိုင်စားပွဲထိုးတွေလို ခွက် ၃ - ၄ ခွက် ထပ်မကိုင်လာဘူး။ ဒီမှာက လာချရင် ဘမ်းတွေ သုံးတယ်၊ အဲဒီမှာ လာချပေးတဲ့ မလျှာရှည်ကို စောစောက အစာမကြေတာလေး ထပ်မေးလိုက်တယ်။
“နေပါအုံး နင်က ငါ့နာမည် ဘယ်လိုသိတာလဲ”
“တော်တော် သိချင်တယ် ပေါ့လေ”
“အေး၊ ငါဒီလောက်တောင် နာမည်ကြီးနေလို့လား”
“ဘာနာမည်ကြီးတာလဲ ကိုဇော့်ကို အစကတည်းက သိနေတဲ့ဟာ၊ အရင်တုန်းက ကိုဇော် မင်းဝင်းထွန်း တို့အိမ် ခန ခန လာတာမှုတ်လား”
ကျနော် ဘော်ဒါ မင်းဝင်းထွန်း၊ ကြာတော့ကြာပြီ၊ သူလဲ ကျနော်တို့လိုမျိုးဘဲ၊ ကြိုက်တတ်တယ်၊ ကျောင်သားဘဝတုန်းက သူ့ဆီ သွားသွားပြီး ဖဲချတာ၊ အဲ အဲ ဟောလီးဝုဒ် ဆွဲကြတာ၊ ကစားတတ်ကြတယ် မှုတ်လား။ဖဲ ၂ ထုပ်နဲ့၊ အပွင့်တူတွေ နံပါတ်စဉ် အတိုင်းစီရတာ၊ ပြီးတော့ ပွိုင့်နဲ့၊ ဒေါင်းတဲ့သူက ဖဲချပ်တွေ အကုန် နံံပတ်တွေပေါင်း၊ မဒေါင်းတဲ့သူက ခင်းထားတဲ့ နံပါတ်တွေထဲက လက်ကျန် နံပါတ်တွေ နှုတ်၊ တခါ တခါကျ အနှုတ်မိတာပေါ့၊ အသေးစိတ် မရေးတော့ပါဘူး။
ခင်ဗျားတို့ ကစားတတ်မှာပါ၊ ခု ကျောင်းပြီးတော့ ဒီကောင့်ဆီတောင် မရောက်တာ အတော်ကြာပြီ၊ သူ့ အိမ်ကလဲ လွတ်လပ်တယ်၊ အိမ်အနောက်မှာ တဲလေးသပ်သပ်တလုံး ထိုးထားတယ်၊ ဓနိမိုး ထရံကာ တဲလေး။အဲဒီမှာ ကျနော်တို့ ဖဲကစားကြတာ၊ သူ့မိဘတွေကလဲ သဘောကောင်းတယ်၊ သူ့သားကိုရော ကျနော်တို့ကိုရော သူငယ်ချင်းပေါင်း ပေါင်းတာ။
“နင်က သူနဲ့ ဘာတော်လို့လဲ”
“ဘာမှ မတော်ပါဘူး၊ သူ့အိမ်နားမှာနေတာလေ”
“ဟုတ်လား၊ ငါ နင့်ကို တခါမှလဲ မတွေ့ဘူးဖူး”
မတွေ့ဘူးဖူး ဆိုတော့ မလျှာရှည်က ကျနော့်ကို မျက်စောင်ထိုးတယ်၊ ဘယ်တွေ့ဖူးမလဲ သူ့အိမ်သွားရင် ဖဲချဘို့ဘဲကိုး၊ ပြီးတော့ အဲဒီမလျှာရှည်က ကျနော့်ထက်ငယ်တယ်ဆိုတော့ ကျောင်းသားတုန်းကဆို သူကလဲ ငယ်ငယ်ဘဲ ရှိအုံးမှာပေါ့၊ အဲဒီတုန်းက ဟောလီးဝုဒ် တော်တော်ကစားဖြစ်လိုက်သေးတယ်၊ သူ့အိမ်ဘေးနား ဘယ်သူရှိလဲ သတိတောင် မထားမိဘူး။
“မသိပါဘူး၊ ငါက XXXX (ရပ်ကွက်) မှာ နေတယ်မှတ်လို့၊ မနေ့က နင်တို့ ဝင်သွားတဲ့ အိမ်က ဘယ်သူ့အိမ်လဲ”
“အဲဒါ အမအိမ်၊ ပြီးတော့မှ ငါတို့က အိမ်ပြန်တာ”
“ဟိုတယောက်ရော နင်နဲ့ အတူတူဘဲလား”
“အင်း တူတော့တူတယ် သူက ငါတို့အိမ်ရဲ့ ဟိုဘက်တလမ်းမှာနေတာ”
“အော်”
“ဘာလဲ ကိုဇော် မနေ့က အမကိုလိုက်တာမလား”
“ဟီး ဟဲ ဟဲ”
“ဟုတ်တယ် ဟုတ်တယ်၊ ဒီကောင်ကြွေနေတာ”
ဘော်ဒါထဲက တကောင်က ဝင်ထောင်တယ်။
“မလွယ်ဘူးနော်၊ အမက ဒါတွေ စိတ်မဝင်စားဘူး”
“ဟုတ်လား၊ ဒါဆို ရီးစားတွေ ဘာတွေ မရှိဘူးပေါ့”
“မရှိဘူး၊ သူက စိတ်လဲ မဝင်စားဘူး”
“သူ့ကို ကြိုက်နေတဲ့ သူတွေ ရောမရှိဘူးလား”
“ရှိတာပေါ့၊ တော်ကြာလာလိမ့်မယ်၊ သူလဲ နေ့တိုင်း အမကို လာလာရှိတ်နေတာ”
“သူလာရင် ငါ့ကိုပြဟာ”
“ဘာလုပ်မလို့လဲ”
“သိချင်လို့ပေါ့”
“သူက အမထက်တောင် ကြီးသေးတယ်၊ အရင်က နောက် ၂ ယောက်လောက်ရှိသေးတယ်၊ ခုမှ လက်လျှော့သွားပြီး မလာတော့တာ”
“ခု ဒီလူလဲ လိုက်နေတာ ကြာပြီလား”
“အင်း နဲနဲကြာပြီ၊ အမက စိတ်မဝင်စားပါဘူး”
“ကောင်းတာပေါ့”
“ကိုဇော်လဲ နောက်တော့ လက်လျှော့သွားမှာ”
“နင်ငါ့ကို ကူလေဟာ”
“မကူပါဘူး၊ ဒါမျိုးတွေ ဝါသနာမပါဘူး”
လာပြီ လာပြီ၊ မိန်းမတွေ ဒါမျိုးဘဲ၊ ဘယ်တော့မှ ဝါသနာမပါဘူး၊ ပြီးတော့ သူတို့အပြင် ၂ ယောက်မရှိဘူး။ဝါသနာမပါလို့ဘဲ တော်တော့တယ်၊ ဝါသနာများပါရင် ဘယ်လိုနေမလဲမသိဘူး၊ မကြာဘူး အဲဒီ မလျှာရှည်က မမ ဘေးသွားပြီး ဘာတွေ တွတ်ထိုးနေလဲမသိဘူး။ပြီးတော့ တချက် တချက် ကျနော့်ဘက် လှည့်ကြည့်တာဆိုတော့ ကျနော့် အကြောင်းပြောနေတာ သေချာတယ်၊ နောက်တော့ ဟို မခစ်ခစ်လေးပါ အားဖြည့်လာတယ်၊ ၃ ယောက်သား တွတ်ထိုးနေတာ တော်တော်ကြာတယ်၊ နောက် လဖက်ရည်သောက်တဲ့ သူလာတော့ သူတို့လဲ စကားပြတ်သွားတယ်။
အဲဒီနေ့ကစပြီး ပြန်တိုင်း မမ နောက်လိုက်တော့တာဘဲ၊ အဲ မနေ့က စလိုက်တယ်ပေါ့ဗျာ၊ စကားလဲ လိုက်ပြောတာမဟုတ်ဘူး၊ အနောက် ဓါတ်တိုင် တတိုင်အကွာလိုက်က ပုံမှန်လိုက်တာ၊ တခါတလေလဲ ဆိုင်သိမ်းထိ ဇွဲကောင်းကောင်းနဲ့ ထိုင်စောင့်ပြီးလိုက်တယ်။
တခါတလေလဲ အလုပ်ရှိရင် အပြင်သွားပြီး သူတို့ဆိုင်သိမ်းအမှီ ပြန်လာပြီး လိုက်တယ်၊ အဖေါ်လိုက်ပေးတဲ့ ဘော်ဒါတွေကတော့ ပုံမှန်မဟုတ်ဘူး၊ ကြုံတဲ့ ဘော်ဒါကို ချောဆွဲလာတာ။တယောက်ထဲတော့ အနောက်ကလိုက်ရဲတဲ့ သတ္တိမရှိဘူးဗျ။ ဆိုင်ပိတ်တဲ့နေ့ဆို မလိုက်ဖြစ်ဘူးပေါ့၊ ဒါပေမဲ့ မမအိမ်ရှေ့တော့ တခေါက်လောက် သွားပတ်ကြည့်တတ်တယ်၊ တွေ့တဲ့အခါတွေ့၊ မတွေ့တဲ့ အခါမတွေ့ပေါ့၊
အဲဒီမှာ ပြောရအုံးမယ်၊ ဒီကြားထဲ မလျှာရှည် နေတဲ့ ရပ်ကွက်က ဘော်ဒါဟောင်း အိမ်ကိုလဲ ရောက်ဖြစ်တယ်၊ ဒီကောင်က ခု စာအုပ်အငှားဆိုင်လေး ဖွင့်ထားတယ်၊ အိမ်ရှေ့မှာ၊ ကျနော်တို့ ဖဲချနေကျ အနောက်က တဲလေးကလဲ ရှိတုန်း၊ အမိုးတောင်အသစ် ပြန်မိုးထားတယ်။
ကျနော်လဲ မမနောက်လိုက်ပြီးမှ လှည့်ဝင်သွားတာဆိုတော့ ဟိုကောင်နဲ့ ဆိုင်ထဲ လေပြစ်နေတုန်း မလျှာရှည်က ပြန်ရောက်လာတယ်၊ သူက စာအုပ်ဆိုင်ရှေ့ကဖြတ်တော့ ကျနော့်ကိုတွေ့တာနဲ့ ဝင်လာတာ၊ ဘာလာလုပ်တာလဲ ဘာလဲနဲ့ ကျနော်တို့နဲ့ ဝင်ရွှီးသွားသေးတယ်။
နောက် ကျနော်ဒီကောင်ဆီရောက်လို့ သူရှိတာနဲ့ ဆုံရင် ကျနော်တို့ဆီရောက်ရောက်လာတတ်တယ်၊ အလာပ သလာပပေါ့၊ သူက ကျနော့်ကို တော်တော်ခင်တယ်၊ ကျနော့်ဆီက သူ့ အမေတောင် ချဲတွေဘာတွေ ထိုးရင်း ကျနော့်နဲ့ ရင်းနှီးလာတယ်။ သူ့အဖေတော့ အိမ်မှာမရှိတာများတယ်။
ဒီလိုနဲ့ မလျှာရှည် နဲ့ ကျနော်လဲ တကယ့်ဘော်ဒါရင်းတွေလို ဖြစ်သွားတယ်၊ သူ ရှိနေတဲ့ နေ့မျိုးဆို သူ့ အိမ်မှာတောင် သွားထိုင်ပြီး အာလူးဖုတ်တဲ့ အခြေအနေမျိုးပေါ့၊ အိမ်ထဲမှာ သွားထိုင်တာတော့ ဘယ်ဟုတ်မလဲ၊ သူတို့ ခြံဝင်းထဲပေါ့။
သူ့တို့ နေတဲ့ ရပ်ကွက်က လက်လုပ်လက်စား ရပ်ကွက်ဆိုတော့ အိမ်ကောင်းတွေ မဟုတ်ပေမဲ့ အိမ်တိုင်း အိမ်တိုင်း ကိုယ့်ဝင်းနဲ့ ကိုယ်ဗျ၊ လမ်းမကြီး တခုကနေ လမ်းသွယ်လေးထဲ ဝင်သွားရတာ၊ အရင် ကျူးကျော်သဘောမျိုးကနေ ဂရံမြေသဘောမျိုး ချပေးပြီး ရပ်ကွက်ဆိုလို့ သတ်သတ်မှတ်မှတ်လေး ဖြစ်လာတဲ့ နေရာပေါ့၊
သူ့ဆီရောက်ပြီဆို မလျှာရှည်ကို မမအခြေအနေ မေးရတာပေါ့၊ အကူအညီလဲတောင်းရတာပေါ့၊ အမြဲတမ်း နားပူနားဆာ လုပ်နေတာတော့လဲ မဟုတ်ဘူး၊ မလျှာရှည်ကလဲ မမကို ဘေးတီးပေးပါတယ်၊ ဝါသနာမပါပေမဲ့ အားကိုးရသား၊ အဲလိုနဲ့ဘဲ လဖက်ရည်ဆိုင်မှာ မမနဲ့ အဆင်ပြေလာတယ်။သူလဲ ဘာသားနဲ့ ထုထားလို့လဲ၊ နေ့တိုင်းလာပြီး အကြောင်းရှာ စကားပြောနေမှတော့ ရင်းနှီးလာတာပေါ့၊ ဟိုမလျှာရှည် ကြောင့်လဲ ပါတယ်ပြောရမှာပေါ့၊ သူက ကျနော့်ကို ရင်းရင်းနှီးနှီးဆက်ဆံတော့ သူတို့ပါ တနွယ်ငင်တစင်ပါဆိုသလို ရင်းနှီးသွားတာ။
သူလဲ ကျနော်ကြိုက်နေတာ သိနေတာဘဲ၊ ဒီလိုနဲ့ဘဲ အဆင့်က တဖြေးဖြေးနဲ့ နဲနဲချင်းတိုးလာတာ၊ ပွင့်ပွင့်လင်းလင်း ရီးစားစကားမပြောရသေးပေမဲ့၊ ဆိုင်မှာဆို မမကောင်တာနား သွားပြီး မမနဲ့ ဟိုအကြောင်း ဒီအကြောင်းပြောနေတုန်း လဖက်ရည်သောက်တဲ့ သူရောက်လာရင် ပေး မမ ကျနော် ဘောက်ချာရေးပေးမယ်ဆို မမက သူ့ဘောက်ချာနဲ့ ဘောပင် ကျနော့် ဆီတွန်းပေးလိုက်တာဘဲ၊ အဲလိုတွေ ဖြစ်လာတယ်။
ဒါတင်ဘယ်ကမလဲ ဟို ဆိတ်သားကင် စဝယ်စားတုန်းက မလျှာရှည်က စေတနာ ဗလပွနဲ့ ဆိတ်သားကင်ကို သူတို့ဆီက မီးသွေးမီးဖိုနဲ့ နဲနဲထပ်ကင်လာပေးတော့ ပူပူနွေးနွေးမွှေးမွှေးလေး စားလို့ကောင်းတယ်၊ အဲဒါနဲ့ အမြဲတမ်း သူတို့ ဆီဝယ်စားဖြစ်တယ်၊ သိတယ်မှုတ်လား။ဆိုင်ထိုင်ရင်း မား ချဖြစ်ရင် ပါးစပ်ကတစွတ်စွတ် စားချင်တာဆိုတော့၊ မလျှာရှည်ကလဲ ကျနော်တို့ ဝယ်စားတိုင်း အမြဲကင်ပေးတာဘဲ၊ တခြားသူတွေဆို ဘူးထဲကနှိုက်ပြီး ဒီအတိုင်းပေးလိုက်တာပေါ့။
နောက်တော့ ဘယ်ကနေဘယ်လို စိတ်ကူးပေါက်တယ်မသိ ဘော်ဒါတကောင်က ခပ်ပေါက်ပေါက်နဲ့ မလျှာရှည်ကို ခေါ်ပြီး ဆိတ်သားကင်မှာတော့ (တခါတလေလဲ ကျနော်တို့က စားချင်တာ လှမ်းမှာလိုက်တာဘဲ၊ ဘောက်ချာကတော့ နောက်မှ မမဆီသွားဖွင့်ပေ့ါ။
ဖေါက်သည်ကြီးတွေဖြစ်လာပြီလေ) ကျနော်က မမ ကင်ပေးတာ စားချင်တယ် လို့ပြောတယ်ဆိုပြီး လှမ်းချွန်တော့တာဘဲ၊ အဲဒါကို မလျှာရှည်လေးက အမ ကိုဇော်က အမကင်ပေးတာစားချင်တာတဲ့ ဆိုပြီး ကျနော်တို့ရှေ့တင် မမကို လှမ်းပြောတယ်၊ ကျနော်တို့လဲ မမ ဘာလုပ်မလဲ အကဲခတ်နေကြတာပေါ့။
ချက်ခြင်းတော့ မမကထမလုပ်ပေးဘူး၊ နောက်တော့ (တကယ့်ခနလေးအတွင်းမှာပါဘဲ) ဘူးထဲက ဆိတ်သားကင်နှိုက်ယူပြီး သူသွားကင်တာ၊ ကျနော့်သူငယ်ချင်းတွေက ကျနော့်အတွက် ဝမ်းသာအားရ ဟေး ကနဲတောင် အော်တယ်၊ မမက ပြုံးလို့။ ကျနော်ကတော့ ဘယ်ပြောကောင်းမလဲ ပျော်လိုက်တာ။
ဒီအခြေအနေထိ ကျနော် မမကို ရီးစားစကား မပြောရသေးဘူး၊ အခြေအနေက ကောင်းမှန်း နဲနဲတော့ ရိပ်မိပေမဲ့ ရီးစားစကားက ဘယ်လိုစပြောရမှန်းမသိဘူးဗျ၊ ကလေးကလား စာလဲမပေးချင်ဘူး၊ မပေးချင်တာထက် စာကို မရေးချင်တာ၊ ဘာရေးရမှန်းလဲ မသိဘူး။ကြိုက်သာကြိုက်တယ်၊ လူကလဲ ခပ်ပျင်းပျင်းဗျ၊ ပြောရရင် ကျနော်လဲ အဲဒီ ပုံစံမျိုးလေးနဲ့ ပျော်နေတာ၊ ရီးစားတောင် မဖြစ်ချင်တော့ဘူး၊ ဒါပေမဲ့ ဖြစ်လဲဖြစ်ချင်တယ်။
နေ့တိုင်း မမနဲ့ ဟိုပြောဒီပြော တယောက်နဲ့တယောက် မျက်လုံးချင်းဆုံလိုက် ပြုံးလိုက်နဲ့ ၂ ယောက်သား ရီးစားစကားမပြောဘဲ ရီးစားဖြစ်နေသလိုလို၊ ဘာလိုလို၊ ကျနော် မမ နားသွားသွားပြီး ပြုံးလားရယ်လား နဲ့ မမနဲ့ အဆင်ပြေနေတာ ကြည့်ပြီး မခံစားနိုင်တော့လို့လား မသိဘူး၊ မမကို ဇွဲကောင်းကောင်းနဲ့ လာရှိတ်နေတဲ့ ဟိုလူတောင် ပေါ်မလာတော့ဘူး။ဟိုပြော ဒီပြောပြောဖြစ်တာဆိုတော့ သူ့အကြောင်းကိုယ့်အကြောင်း ပြောရင်း တွက်မိသလောက်က မမ ကကျနော့်ထက် ၃ နှစ်လောက်ကြီးမဲ့ သဘောရှိတယ်၊ သူက ကျနော်တို့ မြို့ဇာတိမဟုတ်ဘူး။
တခြားကပြောင်းလာတာ၊ သူ့အဖေက အစိုးရဝမ်ထမ်း၊ တဖြေးဖြေးသူ့အကြောင်း သိလာတယ်၊ ပြီးတော့ မမက ခန ခန နေမကောင်းဖြစ်တတ်တယ်၊ ဖြစ်တိုင်းလဲ ဆနွင်းကြီး လိမ်းထားတာဘဲ၊ ကျနော်လဲ အဲဒီ နေမကောင်းတာကို သိပ်ပြီး စပ်စပ်စုစု မလုပ်ဘူးဗျ။ သူ့ဟာက အကြာကြီးလဲ မဖြစ်ဘူး၊ တရက်ဘဲ၊ နောက်ရက်ဆို ကောင်းသွားပြန်ပြီ။ ဒီတော့ မမနေမကောင်းတာ ကျနော့်စိတ်ထဲ သမန်ကာ ရှန်ကာလောက်ဘဲ၊
ကျနော် သူ့ဆိုင်မှာ ထိုင်ပြီး ဆေးတွေချ၊ မကောင်းမှု့တွေ လုပ်နေတာ မမကသိပေမဲ့ ဘာမှမပြောဘူးဗျ၊ မသိဘဲနေမလား၊ မြင်နေတွေ့နေတဲ့ဟာ၊ အဲဒါတွေနဲ့ ပတ်သက်ပြီး ကျနော်လဲ စကားမစသလို၊ သူလဲ မစဘူး၊ ဒါတွေသာ ချပေမဲ့ ကျနော်က ရွဲပြဲ မနေဘူး၊ လူက မသိရင် ပုံမှန်လိုပါဘဲ၊ ဒါကြောင့်လဲ မပြောတာ နေမှာပေါ့။
အဲဒီမှာ ဟိုမကျ ဒီမကျ ဘဝနဲ့ တော်တော်ကြာလိုက်တယ်၊ ရီးစားစကားကို မပြောဖြစ်တာ၊ တွေ့တာကလဲ ဆိုင်မှာချည်းဘဲ ဆိုတော့ ပြောဘို့က အခွင့်အရေး ရပေမဲ့ ပြောလို့ကမထွက်ဘူး၊ ဒီကြားထဲ တခါတလေ ကျနော်တို့ကြား မလျှာရှည်က အာလူး လာလာဝင်ဖုတ်သေးတယ်၊ မလျှာရှည်က အားလူးတော့ ကောင်းတယ်။
နောက်ပိုင်းဆို လဖက်ရည် လာချပေးရင်း ဝိုင်းမှာ ကျနော်တို့နဲ့ တော်တော်ကြာကြာ စကားပြောဖြစ်တယ်၊ ရင်းနှီးလာတာပေါ့။ဒါပေမဲ့ များသောအားဖြင့် ကျနော်တို့ ၂ ယောက် ကောင်တာမှာ ကျစ်ကျစ်ကျစ်ကျစ်နဲ့ တွတ်ထိုးနေရင် အနှောက်အယှက် မရှိတာ များပါတယ်၊ ဒါပေမဲ့ ကျနော့် ပါးစပ်က မမကို ချစ်တယ်လို့ ပြောလို့ကို မထွက်တာ၊
အပိုင်း ( ၂ ) ဆက်ရန် >>>>
No comments:
Post a Comment