Thursday, March 3, 2011

အမျိုးသမီးများ ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်ခြင်းရဲ့ အကြောင်း

အမျိုးသမီးများ ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်ခြင်းရဲ့ အကြောင်း

( အသက်ပြည့်မှ ဖတ်ပါ)

Dr.တင့်ဆွေ ရေးသည္။

ဆရာရှင့် ကျမ အခု ရောဂါတခု ခံစားနေရလို့ စိတ်ပူလို့ ဆရာ့ကို မေးတာပါ၊ရင်ဖွင့်တာပါရှင့်။ ကျမ အသက်က ၃၂ နှစ် ရှိပါပြီ။ အပျိုပါရှင့်။ ကျမအရမ်းချစ်တဲ့ ချစ်သူတယောက် ရှိပါတယ်။

ပြောချင်တာက ကျမ တခါမှ ယောကျ်ားနဲ့ တူတူမနေဘူးပါဘူး။ ချစ်သူရှိတယ်ဆိုတာကလည်းသူက အဝေးမှာပါရှင့်။ ကျမမှာ မကောင်းတဲ့အချက်တခုရှိပါတယ်။ ကျမ လိင်ဆက်ဆံချင်တဲ့စိတ် ခဏခဏဖြစ်ပါတယ်။

ဒါကြောင့် လွန်ခဲ့တဲ့ ၅ နှစ်လောက်တည်းက ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်တဲ့ အကျင့် ဖြစ်သွားခဲ့ပါတယ်။ ကျမ သွားတိုက်တံ လက်ကိုင်ထူထူနဲ့ဟာမျိုးနဲ့ ၁ နှစ်လောက်ထိ လုပ်ခဲ့ပါတယ်။

ဒါပေမယ့် အခုနောက်ပိုင်း ကိုယ့်လက်နဲ့ကိုယ်ပဲ လုပ်ပါတယ်။မလုပ်ရင်လည်းကျမတကယ် မနေနိုင်တော့လို့ပါရှင့်။ အမှန်ဆိုရင်တော့အဲလိုမျိုးကို မလုပ်ချင်ပါဘူး။ အဲလိုလုပ်တာ အပြစ်ရှိလားရှင့်။

အခု ကျမပြောချင်တာက ကျမရဲ့ သားအိမ်လို့ထင်ရတဲ့ဘယ်ဘက်ဆီးခုံအထက်နားကတခါတခါဆိုရင် အရမ်းနာပါတယ်။ဆိုင်ကယ်စီးတဲ့အခါမျိုးမှာလည်း နာပါတယ်။ နောက်ပြီးလိင်ဆက်ဆံချင်တဲ့စိတ် ဖြစ်ရင် အခုနောက်ပိုင်း ကြောက်လို့ ဘာနဲ့မှမလုပ်ဖြစ်ပါဘူးရှင့်။

အဲဒါဆိုလည်း အဲလိုစိတ် ဖြစ်လာတော့လည်း နာပါတယ်ရှင့်။ အဲဒါ ကျမ သားအိမ်မှာ ရောဂါများ ရနေတာလား၊ ကျမလိင်ဆက်ဆံချင်တဲ့စိတ်က ခဏခဏဖြစ်တာလည်း ရောဂါလားရှင့်။နောက်ပြီးကျမရည်းစားနဲ့အိမ်ထောင်ကျခဲ့ရင်ကော ကျမအဲလိုမျိုးတွေ လုပ်ခဲ့ဖူးတာ ပြောပြရမှာလားရှင့်။

ကျမကို ဖြေကြားပေးပါရှင့်။ မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ် လိင်ဆက်ဆံချင်တဲ့စိတ် ခဏခဏဖြစ်တာနဲ့ ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်တဲ့အကျင့်ရှိတယ်ဆိုတာ ပုံမှန်စိတ်ဖြစ်တယ်။အဲလိုမဖြစ်ရင်သာ ဆေးကုဘို့လိုပါတယ်။

၁၉၅ဝ တုံးက Alfred Kinsey(အဲလ်ဖရက်-ကင်ဆေး) လုပ်တဲ့ သုတေသနအရ ယောက်ျား ၉၂% နဲ့ မိန်းမ ၆၂% ဟာ

ဘဝတသက်တာမှာ ဖါသာ-အာသာဖြေတာ လုပ်ကြတာကို သိရတယ်။ ၂ဝဝ၇ ခုနှစ် ဗြိတိန်မှာလေ့လာမှုလုပ်တော့လဲ

အသက်၁၆ နှစ်ကနေ ၄၄ နှစ်ကြား ယောက်ျား ၉၅% နဲ့ မိန်းမ ၉၁%လုပ်ဖူးကြတာ သိရတယ်။

၂ဝဝ၉ ခုနှစ်မှာ ဗြိတိန်၊ နယ်သာလင် နဲ့ ဥရောပနိုင်ငံတွေက ဆယ်ကျော်သက်တွေကို နေ့တိုင်း Masturbation (မာစတာဘေးရှင်း) လုပ်စေဘို့ အားပေးခဲ့တယ်။ Orgasm (အော်ဂဇင်မ်)လိင်ဆန္ဒပြည့်ဝမှုဆိုတာ အခွင့်အရေးတရပ် ဖြစ်တယ်လို့တောင် လက်ကမ်းကြော်ညာမှာ ပါသေးတယ်။

ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်တခုက Teen pregnancy ဆယ်ကျော်သက်-ကိုယ်ဝန်ရမှာနဲ့STDsလိင်ကတဆင့်

ကူးစက်ရောဂါတွေကို ကာကွယ်စေဘို့ဖြစ်ပါတယ်။ ဒီခေတ်မှာ Safe sex လို့ လူသုံးများလာပြီ။ စိတ်ချရတဲ့

လိင်မှုရေးရာလို့ ပြောချင်တာပါ။ HIV-AIDS ရောဂါ၊ အသဲရောင် ဘီ-စီ တွေပါမကူးစက်နိုင်ပါ။

Benefits ကောင်းကျိုးတွေ

• Intercourseတကယ်တန်းလိင်ဆက်ဆံဘို့အဆင်မပြေချိန်မျိုးမှာ လုပ်နိုင်လိုတခြားမသင့်တာမျိုးအားကိုးစရာမလိုတဲ့ အစားထိုးနည်းကောင်း ဖြစ်တယ်။

• Masturbation လုပ်တာကြောင့် လိင်ဆက်ဆံရာမှာ Fertility မျိုးပွါးစေရေးအားပေးတယ်။၂ဝဝ၉ခုနှစ် သြစတြေးလျ လေ့လာမှု တခုအရ နေ့တိုင်း သုက်လွှတ်ခြင်းဟာသုက်ပိုး-ကျန်းမာရေးကို အားပေးတယ်။

• Femalemasturbationအမျိုးသမီးတွေ ဖါသာ-အာသာဖြေ တာကြောင့် ဗဂျိုင်းနာ၊သားအိမ်ဝ နဲ့ သားအိမ်တွေမှာ အပြောင်းအလဲတွေ ဖြစ်စေတယ်။ ဒါတွေကနေ သန္ဓေရစေဘို့ ပိုပြီးအဆင်ပြေစေမယ်။ ကလေးမရလို့ သုက်ပိုးကို အပြင်ကနေ ထည့်ပေးနည်း လုပ်အပြီး၁-၄၅ မိနစ်အတွင်းမှာ Orgasm ရစေအောင်လုပ်နိုင်ရင် သုက်ပိုးက လိုရာခရီးကိုကောင်းကောင်း ရောက်စေတယ်လို့သိရတယ်။ မ-မျိုးဥနဲ့တွေ့စေဘို့ ဖြစ်ပါတယ်။

• Femalemasturbationကြောင့်သားအိမ်ဝကအချွဲကို အက်စစ် ဓါတ်ပိုစေတာမို့ရောဂါပိုးဝင်မှာကို အဟန့်အတားပြုရာ ကျတယ်။

•Relieve depression စိတ်ကျတာကို သက်သာစေပြီး၊ Higher sense of self-esteemကိုယ့်ကိုယ်ကိုကျေနပ်မှုပိုစေတယ်လို့ စိတ်ကျန်းမာရေး အရေးအသားတွေမှာ ဖတ်ရမယ်။

• Mutualmasturbationဆိုတာနှစ်ဦးသားအပြန်အလှန် လိင်စိတ်ဖြေပေးကြတာဖြစ်တယ်။ ဘယ်လိုနေရာကို ဘယ်လို

လုပ်တာကို တဖက်သားသဘောကျတယ် ဆိုတာကို ဖေါ်ထုတ်ပေးမယ်။

• (STDs)လိင်ကတဆင့်-ကူးစက်ရောဂါတွေဖြစ်မှာကိုပါနည်းစေတယ်။

• Masturbationလုပ်ပြီးSexualclimax ရစေတယ်ဆိုရင် Relaxed ကိုယ်ရောစိတ်ပါပြောလျှော့သွားပြီး Contented state ကျေနပ်မှုရစေမယ်။ Drowsiness and sleepအိပ်ပျော်စေမယ်။

• တချို့ဆရာဝန်တွေက(မာစတာဘေးရှင်း)လုပ်တာဟာ Cardiovascular workoutနှလုံး-သွေးကြောဆိုင်ရာ လေ့ကျင့်ခန်းလို့ ယူဆကြတယ်။ သွေးတိုးကို ကျစေတယ်။

• ကိုယ်ဝန်မရစေဘူး။

Risks ဘာတွေကို ဂရုစိုက်ရမလဲ

• လက်ကိုမတိုင်ခင်အသေအခြာရေဆေးပါ။ လက်သည်းဖြတ်ထားရမယ်။ လက်မှာ အနာအဆာမရှိရဘူး။

• အသုံးပြုတဲ့ကိရိယာပစ္စည်းကြောင့်ဘေးဖြစ်မှာသတိထားပါ။ ဂျာမနီမှာတခါကအမျိုးသမီးတယောက်ခဲတန်က ဆီးအိမ်ထဲ ရောက်နေတာ ဖြစ်ဘူးတယ်။ ဗဂျိုင်းနား နဲ့ဆီးသွားပေါက် မှားသွားလိ့ုဖြစ်တယ်။

• စအိုကိုထိကိုင်ရင်ပိုသတိကြီးရမယ်။ စအိုသုံးသူတွေဆိုရင် Latex gloves(လေးတက်စ်) လက်အိပ်သုံးရမယ်။ ရေကိုအခြေခံလုပ်တဲ့ Lubricant ချောဆီသုံးရမယ်။ စအိုနဲ့ ဗဂျိုင်းနား အပြန်အလှန်လက်သွားတာ မကောင်းဘူး။

• Fingercot(Fingercondom)လက်ဖျားထိပ်(ကွန်ဒွမ်) ဆိုတာလဲရှိတယ်။အထဲမှာကျွတ်ကျန်နေမှာကို သတိထားရတယ်။

Methods နည်းလမ်းတွေ

“ဘယ်နည်းကအကောင်းဆုံးသလဲမပြောနိုင်ပါ”လို့PaulJoannides စိတ်အထူးကုဆရာဝန်က ဆိုပါတယ်။ အများဆုံး သုံးကြတာက (၁) Fingers နဲ့ (၂)Vibrators ကရိယာဖြစ်တယ်။

အမေရိကားမှာတော့ လေ့လာမှုတခုထဲက “အသက် ၁၈ ကနေ ၆ဝနှစ်ကြားရှိအမျိုးသမီးပေါင်း၂ဝ၅၆ယောက်ထဲမှာ တဝက်ကျော် က Vibrator သုံးတယ်”လို့ Indiana University အင်ဒီယာနာ- တက္ကသိုလ် Center for Sexual HealthPromotionကတွဲဖက်- ဒါရိုက်တာDebbyHerbenickကဆိုပါတယ်။ သူတို့ဟာ Masturbationဖါသာ-အာသာဖြေတာမှာရောIntercourse လိင်ဆက်ဆံရာမှာပါ သုံးကြတယ်။

Fingering လက်ကိုသုံးတဲ့နည်း

• Vaginalfingeringဗဂျိုင်းနာထဲ လက်ချောင်းထည့်ခြင်း ဆေးစကားလဲဖြစဥပဒေသုံးလဲဖြစ်တယ်။လက်ချောင်း တချောင်း၊ တချောင်းမက ဖြစ်နိုင်တယ်။လက်တခုလုံးဆိုတာလဲ ရှိသေးတယ်။

• Clitorisမ-အစိ၊ Vulva မိန်းမကိုယ်၊ Vagina (ဗဂျိုင်းနား) တွေကို လက်နဲ့ပွတ်သပ်တာ၊ ကလိတာ၊ ထိုးသွင်းတာတွေ ပါမယ်။

• ရည်ရွယ်ချက် ၂ ခုရှိတယ်။ Sexual arousal and stimulation လိင်စိတ်ဖြစ်စေ၊ကဲစေဘို့နဲ့Orgasmလိင်ဆန္ဒ ပြည့်ဝစေဘို့ ဖြစ်တယ်။

• ဒီလိုလုပ်တာချည်းနဲ့အဆုံးသပ်တာရှိသလိုတကယ့်လိင်ဆက်ဆံမှုရဲ့ အစိတ်အပိုင်းအဖြစ်လဲ Foreplay အစပိုင်းမှာဖြစ်ဖြစ် Sexual activitiesကြားကာလမှာဖြစ်ဖြစ် လုပ်နိုင်တယ်။

• Mutualmasturbationနှစ်ယောက်သားအပြန်အလှန် အာသာဖြေပေးတာမှာလဲသုံးနိုင်သလို Finger oneself တယောက်ထဲလဲ လုပ်နိုင်တယ်။

• မိန်းမတယောက် Orgasm (အော်ဂဇင်မ်) ရစေဘို့ရာ Massage of the vulvaမိန်းမကိုယ်နေရာကို ပွတ်သပ်ခြင်းနဲ့ အထူးသဖြင့် Clitorisမ-အစိကိုပွတ်သပ်ခြင်းဟာ အဓိကအရေးပါတယ်။

•Clitoralbodyမ-အစိကိုယ်ရောShaftအရင်နေရာပါ သုံးနိုင်တယ်။ အများအားဖြင့်Skin of the clitoral hood မ-အစိအထက်နေရာ အရေပြားကို ထက်-အောက်၊ ဘယ်-ညာ၊စက်ဝိုင်းလို ကြိုက်သလို လုပ်နိုင်တယ်။

• Labia မိန်းမကိုယ် နှုတ်ခမ်းသားတွေနဲ့ ကျန်နေရာမှန်သမျှကိုလဲ အသုံးပြုနိုင်တယ်။Fingering the vagina (ဗဂျိုင်းနား) ထဲကို လက်ထည့်တာလဲ လုပ်ပါတယ်။

• G-Spotဆိုတာကိုထိမိစေရတယ်လို့လဲ ပြောကြတယ်။ (ဗဂျိုင်းနား) ရဲ့ရှေ့(ရှေ့ဆိုတာ ပက်လက်အိပ်နေရင်

အပေါ်ကိုပြောတာပါ) ၅ စင်တီမီတာနေရာမှာလို့ ဆိုတယ်။

• A-spot က သူ့ထက် ပိုနက်တဲ့နေရာမှာ ရှိတယ်။

• ဒါပေမဲ့ အဲဒီနေရာတွေ တကယ်ရှိ-မရှိ ငြင်းနေကြဆဲဖြစ်တယ်။

• ကိုယ့်ဖါသာကိုယ်လုပ်သူတွေကဘယ်နေရာကို ဘယ်လိုလုပ်ရင် ကျေနပ်မှုပိုစေမယ်ဆိုတာကိုယ်တိုင်သိပါတယ်။ဆရာဝန်မလိုပါ။ သာယာမှုရရင် အရည်ပိုစိုစွပ်လာမှာ အမှန်ပါ။

• G-Spotejaculationဆိုတာကျေနပ်မှု ကောင်းလွန်းပြီး အရည်ဟာ Urethraဆီးထွက်လမ်းကနေ ထွက်တယ်။

Urine ဆီးတော့ မဟုတ်ဘူး။

• အမျိုးသမီးတွေ Orgasm ပြီးတဲ့အခါ ထွက်တဲ့အရည် Female ejaculate ထဲမှာAntibodies (အင်တီဘော်ဒီ) တမျိုးပါတယ်။

အဲဒါဟာ ယောက်ျားတွေ Prostateဆီးကျိတ်ကထွက်တာနဲ့ အလားတူတယ်။ အတွင်းကျကျအထိ လက်ထည့်ရမှာမို့

လက်ချောင်းသုံးတာကြောင့် A-spot ကိုထိစေဘို့ နည်းတယ်။

Vibrator တုန်ခါမှုရှိတဲ့ ကရိယာနည်း

• (ဗစ်တိုးရီးယား)ခေတ်ကFemalehysteriaအမျိုးသမီး (ဟစ်တီးရီးယား)ရောဂါကုသနည်း တခုထဲမှာ Masturbation

နည်းပါတယ်။ Pelvic massage လို့သာခေါ်သေးတယ်။ ခေတ်ပေါ်Vibratorsနဲ့Sextoysတွေဟာ ၁၉၈ဝ နောက်ကစပြီး ပေါ်ပြူလာဖြစ်လာတယ်။

•၂ဝဝ၉လေ့လာမှုတခုအရအမေရိကားမှာ ၁၈-၆ဝ နှစ်အရွယ်ရှိ ယောက်ျား ၄၆% နဲ့ မိန်းမ၅၃% ဟာ Vibrator သုံးသတဲ့။

• မိန်းမ ၃ဝ% ကသာ ပုံမှန် ဖိုမ ဆက်ဆံရာကနေ (အော်ဂဇင်မ်) ရတယ်။ အဲဒါအတွက်Vibrators ကို သုံးဘို့ ဆရာဝန်တွေက ညွှန်တယ်။ Masturbation အတွက်ရောIntercourse အတွက်ပါ အသုံးခိုင်းတာ ဖြစ်ပါတယ်။

• Clitoral vibrator ဆိုတာ သပ်သပ်လာသေးပေမဲ့ အားလုံးဟာ ဒီနေရာကိုထိမိစေရတာဖြစ်တယ်။ဒီဇိုင်းကတော့ အမျိုးမျိုးရှိတယ်။

oG-SpotVibratorဆိုတာလဲလာသေးတယ်။ခပ်ကောက်ကောက်ပုံရှိတယ်။

o Dildo-shaped ဆိုတာ ယောက်ျား-အင်္ဂါပုံအတိုင်း အရွယ်တူ လုပ်ထားတဲ့ကစားစရာမျိုးဖြစ်တယ်။ Plastic (ပလပ်စတစ်)၊ Silicone (စီဘီကွန်)၊ Rubber(ရာဘာ)၊ Vinyl (ဗီနိုင်းလ်) နဲ့ Latex (လေးတက်စ်) ပစ္စည်းတွေနဲ့ လုပ်ထားတယ်။

o Waterproof လဲရှိတယ်။ ရေချိုးခန်းမှာ သုံးနိုင်ဘို့ ဖြစ်တယ်။

o Egg-shaped vibrator နဲ့ Rabbit ဆိုတာတွေက ဗဂျိုင်းနာရော (ကလိုက်တောရစ်)ကိုပါ ထိမိစေဘို့ လုပ်တားတယ်။

• ကနေဒါနိုင်ငံက(တိုရွန်တို)လေ့လာမှုအရ ဖါသာ-အာသော ဖြေရာမှာ (ဘိုင်ဗရေတာ) ကိုအသုံးများရင် တကယ်တန်း

ခင်ပွန်း-အဖေါ်နဲ့ဆက်ဆံချိန်မှာ (အော်ဂဇင်မ်) ရတာကို Desensitize ပြောင်ပြန်အကျိုး သက်ရောက်စေနိုင်တယ်လို့ သတိပေးတယ်။

အဲဒီ ဆရာဝန်ကသူ့လူနာတွေကို (အိုက်စ်ခရင်မ်) ကို နေ့တိုင်း မစားချင်ကြသလို နေသင့်တယ်လို့အကြံပေးတယ်။ Autonomicnervous system အလိုအလျှောက် သက်ရောက်တဲ့ အာရုံကြောစနစ်ကအကျင့်ရသွားစေမယ်လို့ ပြောတာ ဖြစ်ပါတယ်။

• Vibrator သုံးရင် လိင်အင်္ဂါနေရာမှာ နာတာ-ထုံတာ ဖြစ်မလား သတိထားသင့်တယ်။ Herbenick’s vibrator survey သုတေသနအရ ၃ဝ% မှာ အဲလိုဖြစ်တယ်။

တခြားနည်းတွေ

• တချို့ကBack of avibrating toothbrush head တုံခါမှု လုပ်ပေးနိုင်တဲ့ သွားတိုက်တံခေါင်းရဲ့ နောက်ဖက်၊

• တချို့က Handle of a hairbrush ခေါင်းဘီး လက်ကိုင်ရိုး၊

• တချို့က Water jets in the bathtub ရေချိုးခန်းက ရေပန်း ထိပ်ဖျား သုံးကြတယ်။

• တခြားနည်းနာတွေလဲ ရှိမှာပါ။

ရောဂါမဟုတ်ပါ

• မိန်းကလေးတွေလဲယောက်ျားလေးတွေလိုဘဲ ဖါသာအာ သာဖြေဖျောက်တာလုပ်မိတာကို Feelguilty အပြစ်လုပ်သလို

ခံစားတတ်ကြတယ်။ Sex therapists လိင်အထူးကု ဆရာဝန်တွေကတော့ အဲလို မထင်မြင်သင့်ဘူးလို့ ဆိုပါတယ်။

• Moodစိတ်မူ၊Spiritsစိတ်ဓါတ်တက်စေမယ်။ စိတ်ကျနေသူတွေကို သက်သာရာ ရစေမယ်။ Solosexတယောက်ထဲစခန်းသွားတာမို့ကိုယ့်အဖေါ်ဘယ်လိုနေမလဲ ဆိုတာစိတ်ကူးထည့်စရာလဲ မလိုဘူး။

• အဲလိုလုပ်တာဟာ ကိုယ့် ခင်ပွန်း-အဖေါ်ကို မချစ်လို့လဲ မဟုတ်ဘူး။ ကိုယ့်အတွက်ကိုယ်လုပ်တာသာဖြစ်တယ်။ သူနဲ့နေတဲ့အခါမှာလဲ ပိုပြီးသာလွန်ကောင်းမွန်စေနိုင်သေးတယ်။ သူ့ကိုကိုယ်ကနေ ဘယ်လိုကဘယ်လိုဆိုတာ ဆရာလုပ်နိုင်တယ်။

• ယောက်ျားနဲ့နေလို့(အော်ဂဇင်မ်)မရတတ်သူတွေ ဒီနည်းနဲ့ကူနိုင်တယ်။Lubrication စိုစွပ်မှု၊ Desire ဆန္ဒဖြစ်ပေါ်မှု၊ Arousal စိတ်နိုးထမှုနဲ့ Orgasm(အော်ဂဇင်မ်) တွေမျာ ပိုကောင်းစေတယ်။

• Pain နာတတ်တာလဲ သက်သာစေမယ်။ မနာတတ်သူတွေလဲ သုံးကြတာပါဘဲ။

• သိတဲ့အတိုင်း အမျိုးသမီးများဟာ စိုးရိမ်မှုများတတ်တယ်၊ ဖိစီးမှုများတတ်တယ်။ ဒါ့ကြောင့် စိတ်ဖြေလျှော့ပေးဘို ပိုလိုမယ်။ (မာစတာဘေးရှင်း) ကနေ ကူညီနိုင်တယ်။

• Migraine (မိုင်ဂရင်း) ခေါင်းမူး-ခေါင်းကိုက်ရောဂါ ရှိသူတွေကိုလဲ သက်သာရာရစေနိုင်တယ်။ ခပ်ရှားရှား တချို့လူနာတွေမှာ (အော်ဂဇင်မ်) ကနေ (မိုင်ဂရင်း)ထတတ်တယ်။

• Menstrual cramps ရာသီလာရင်နာတာ နဲ့ Premenstrual syndrome (PMS) ရာသီအလာခင် ဖြစ်ချင်တာတွေ ကိုပါ သက်သာစေမယ်။




Dr.တင့်ဆွေ