ပြီးတော့လဲ ပြီးတာပါဘဲ အပိုင်း ( ၇ )
{ဇာတ်သိမ်းပိုင်း}
ရေးသားသူ - dobinpokhin
လူ့ဘဝ ကံကြမ္မာဆိုတာမျိုးက ကြိုတင်မြင်နိုင်ကြတာ မဟုတ်ဘူးလေ၊ မောင်မောင် အရင်က စာတွေ ဖတ်တယ်ဆိုတာကလဲ လောကီနဲ့ဆိုင်တဲ့ စာတွေလောက်သာ ဖတ်တာပါ၊ လူကငယ်သေးတော့ ဘာကိုမှလဲအလေးအနက်မထား၊ ဘာသာရေး ကိုးကွယ်ဆည်းကပ်မှု နားလဲမလယ်၊ အစစအရာရာ ကိုယ်ဖြစ်စေချင်တဲ့ အတိုင်း ဖြစ်လာမှဘဲလို့ တွက်ထားတာပါ၊ သူနဲ့မာလာလဲ ရှေ့ဝါမဝင်ခင်လက်ထပ်၊ စီမံချက်အတိုင်း သူက ကားလုပ်ငန်းတွေ ဆက်လုပ်၊မာလာက ဈေးဆိုင်ဆက်ဖွင့်၊ ဒါပေမဲ့..
" မောင်မောင်၊ အိမ်ကိုအမြန်ပြန်လာ၊ အရေးကြိီလို့"
အိမ်မှာ အတူနေတဲ့ မရီးရဲ့ဒေါ်လေးက ဖုန်းဆက်ပြောတာ၊
" ဘာဖြစ်လို့လဲ ဒေါ်လေး၊ မရီးဘာဖြစ်လဲ၊ တူမကြီးရော ရှိလား"
ခါတိုင်းအိမ်က ဖုန်းဆက်ဖူးတာ မဟုတ်တဲ့ပြင် မရီး၊ ဒါမှမဟုတ် တူမအကြီးမ ဆက်တာမဟုတ်ဘဲ ဒေါ်လေးကဆက်တာမို့ နဲနဲတော့ စိတ်ထဲ ထင့်သွားမိတာ ၊
" မောင်ကိုကြီး ကားချင်းတိုက်မိလို့တဲ့၊ အဲဒါ လိုက်ကြရမှာ၊ မောင်မောင် ချက်ချင်းပြန်ခဲ့၊ မကော့ပြောခိုင်းတာ"
မောင်ကိုကြီးဆိုတာ အကိုကြီး၊ အကိုကြိီကားချင်းတိုက်လို့၊ ဘယ်မှာလဲ၊ ဘယ်တုန်းက ဖြစ်တာလဲ၊ အကိုကြီးအခြေအနေက ဘယ်လိုလဲ၊ စသဖြင့်မောင်မောင် ဗျာများသွားတယ်၊ ဒေါ်လေးကတော့ အသေးစိတ် ဘာသိမှာလဲ၊ မရီးခိုင်းလို့သာ ဖုန်းဆက်ရတာ၊ မရီးကိုယ်တိုင် မဆက်တာကိုတော့ အပြစ်မတင်ချင်တော့ပါ၊ ဒီအချိန် မရီး ဘာလုပ်လို့ လုပ်ရကောင်းမှန်း သိမထင်ပါ၊
မောင်မောင် စက်ပြင်ဆရာကို အကျိုးအကြောင်းပြောပြပြီး ဆိုင်ကယ်နဲ့ မြစ်ကြီးနားကို အားချင်းဆင်းလာခဲ့တယ်၊ စိတ်က ဆောင်နေလို့ မိုင်(၁၀၀)ခရီးကို ခါတိုင်း(၄)နာရီလောက်ကြာတာကို (၃)နာရီလောက်ဘဲ ကြာတယ်၊ အိမ်ရောက် ရောက်ချင်း တွေ့လိုက်ရတာ မရီးနဲ့တူ/တူမလေးတွေအားလုံး ငိုကြွေးနေကြတာ။
" ဘယ်လို ဖြစ်တာတဲ့လဲ အမ"
မောင်မောင့် အမေးကို မရီး ငိုနေရာက
" ရွှေဘိုဆေးရုံမှာလို့ ပြောတာဘဲကွယ်၊ သတိမရသေးဘူးဆိုဘဲ၊ ဒဏ်ရာပြင်းတယ်တဲ့"
" ဒါဆို ကျွန်တော်တို့ လိုက်ကြမယ်လေ၊ အမ ဘယ်လို စီစဉ်ထားလဲ"
" ငါတော့ ဘာမှ မစီစဉ်ရသေးဘူး၊ မင်းဟာမင်းသာ ကြည့်လုပ်တော့"
မောင်မောင် သူ့သူငယ်ချင်းကို ပြောပြီး လူစီးကားတစ်စီး စီစဉ်ပါတယ်။ သူငယ်ချင်းကလဲ မောင်မောင်တစ်ယောက်ထဲ ကားမောင်းရမှာ ပင်ပန်းမယ်ဆိုပြီး သူပါလိုက်မယ် ပြောပါတယ်၊ ဒါနဲ့ ဒေါ်လေးအိမ်စောင့်နေခဲ့ပြီး မရီး၊တူ/တူမတွေနဲ့အတူ ရွှေဘိုကို မနားတမ်း မောင်းလာကြပါတယ်၊ မြစ်ကြီးနား-ရွှေဘို (၂၈၉)မိုင်ခရီးကို မောင်မောင်နဲ့ သူငယ်ချင်းတယောက်တလဲ မောင်းကြတာ၊ ရွှေဘိုကို မနက်(၉)နာရီလောက် ရောက်ပါတယ်။
" ဆေးရုံရောက်ကတဲက လူနာက သတိ ပြန်မလည်တော့ပါဘူး၊ ဒဏ်ရာကအတော်ပြင်းပါတယ်၊ နံရိုးသုံးချောင်းကျိုးပြီး တချောင်းက အသဲကို စိုက်ဝင်သွားတာပါ၊ အဲဒီဒဏ်ရာနဲ့ဆုံးရတာပါ"
အကိုကြီး ကွယ်လွန်သွားပါပြီ၊ မောင်မောင်တို့ အသက် မမီလိုက်ပါ၊ အမှန်ကတော့ ဆေးရုံရောက်ပြီးပြီးချင်းဆုံးတာပါ၊ ယာဉ်မောင်းက ဒဏ်ရာဘဲရတာ၊ ဖုန်းနံပတ်ကို ယာဉ်မောင်းဆီကရလို့ ရဲက ဆက်တာပါ၊ သေတယ် မပြောဘဲ ဆေးရုံမှာလို့ပြောတာပါ။
ဖြစ်ပုံက ရွှေဘိုအထွက် လှတောရွာနားမှာ တဘက်ကလာတဲ့ (၂၂)ဘီးတွဲကားကြီးနဲ့ မျက်နှာချင်းဆိုင်တိုက်မိတာပါ၊ တဘက်ယာဉ်မောင်းက မူးနေတယ်ဆိုဘဲ၊ အကိုကြီးတို့(၁၂)ဘီးကားက ယာဉ်မောင်းက ညာဘက်၊ အကိုကြီးက ဘယ်ဘက်က ထိုင်တာမို့၊ တိုက်မိတဲ့အခါ အကိုကြီးအကြီးအကျယ်ခိုက်မိတာပါ၊ ငိုနေကြတဲ့မရီးနဲ့ တူ/တူမလေးတွေကို ကြည့်ရင်း မောင်မောင်မျက်ရည်ကျချင်ပေမဲ့ သူဘဲအစစအရာရာ ဦးဆောင်လုပ်ရဦးမှာမို့စိတ်ကို တင်းထားရတာ။
ဣဓ မောဒတိ ပေစ္စ မေဒတိ၊
ကတပုညော ဥဘယတ္ထ မောဒတိ။
သော မောဒတိ သော ပမောဒတိ၊
ဒိသွာ ကမ္မဝိသုဒ္ဓိ မတ္တနော။
ကောင်းမှုပြု သူသည် ဤဘဝ၌လည်း ဝမ်းမြောက်ရ၏။ တမလွန်ဘဝ၌လည်း ဝမ်းမြောက်ရ၏၊ ယခုဘ၀ နောင်ဘ၀ နှစ်တန်ဘဝတို့၌လည်း ဝမ်းမြောက်ရ၏။ ထိုသူသည် မိမိ၏ စင်ကြယ်သော ကောင်းမှုကံကို သိမြင်ရ၍ ဝမ်းမြောက်ရ၏။(ယမကဝဂ္ဂ ဓမ္မပဒ)
အကိုကြီးရဲ့ ရုပ်ကြွင်းကို ရွှေဘိုမှာဘဲ မီးသင်္ဂြိုဟ်ပါတယ်၊
သူတော်ကောင်းတရားကို ကောင်းစွာကျင့်ရာ၏။
မကောင်းသဖြင့် မကျင့်ရာ၊
သူတော်ကောင်းတရားကို ကျင့်သောသူသည်
ဤဘဝ၌လည်းကောင်း တမလွန်ဘဝ၌လည်းကောင်း ချမ်းသာစွာနေရ၏။
ဘုန်းကြီးတရား ဟောနေတဲ့ အသံကြားနေရပေမဲ့ ဘာတွေမှန်း မောင်မောင် မခံစားနိုင်ပါ။ သောက ပရိဒေဝနဲ့ အတူ ရင်ထဲမှာ လှိုက်မောနေတာပါ၊ ရုတ်တရက်ကြိီး ခွဲခွါသွားတဲ့ အကိုကြိီးအတွက် မောင်မောင် တရားနာရင်း မျက်ရေတောက်တောက်ကျလာတာပါ၊
အကိုကြိီးအတွက် ရေစက်ချ အမျှဝေတဲ့အခါ မရီး မေ့မလို ဖြစ်သွားလို့ ဘေးကလူတွေ နှိပ်နယ်ပေးနေရတာ၊မောင်မောင် ရေစက်ခွက်ကို ကိုင်ရင်း
" အကိုကြီးရေ--အမျှ--အမျှ--အမျှ--ယူတော်မူပါ၊ ရောက်လေရာဘဝက သာဓုခေါ်ပါ၊ အကိုကြီး သားမယားတွေအတွက် နောက်ဆံမငင်ပါနဲ့၊ ကျွန်တော့်တာဝန်ထားပါ၊"
ရေစက်ချပြီးတာနဲ့ မောင်မောင် ခွက်ကိုပစ်ချပြီး ထလိုက်တယ်၊
" ဦးလေး၊ ဖေဖေ မရှိတော့ဘူး၊ သေပြီ၊ဦးလေး၊ ဖေဖေ သေပြီ"
ငိုကြွေးနေကြတဲ့ တူ/တူမတွေကိုကြည့်ပြီး တူလေးကို ကောက်ချီလိုက်ကာ
" မငိုကြပါနဲ့ တူမတို့ရယ်၊ သမီးတို့ဖေဖေ မရှိပေမဲ့ ဦးလေးရှိပါသေးတယ်၊ ဘာမှ အားမငယ်ကြနဲ့"
မြစ်ကြီးနားပြန်ရောက်၊ (၇)ရက်ပြေ့တဲ့ နေ့ရက်လည်ဆွမ်းသွတ်ကို အမကြီးတို့လင်မယားက ဦးဆောင် လုပ်ပေးပါတယ်၊ မရီးက ခရစ်ယန်ဘာသာဝင်မို့ ဘုန်းကြီးကိစ္စတွေနဲ့ မယဉ်ပါးတဲ့ အတွက်ပါ၊ ဇာတိမြို့လေးမှာနေတဲ့ အမလေးတို့ လင်မယား၊ ဗန်းမော်မြို့က မရီးရဲ့အကိုတွေနဲ့ညီမပါ ရောက်လာတာပါ၊ မရီးမှာ အကို (၃)ယောက်၊ ညီမ(၁)ယောက်ရှိတာ အားလုံးဗန်းမော်မြို့ပေါ်နဲ့ အနီးအနားကျေးရွာတွေမှာနေကြတာ၊
ဧည့်တွေများနေတဲ့ အတွက် ညီမလုပ်သူဘဲ အိမ်မှာလာတည်းပြီး၊ အကိုတွေက စီတာပူရပ်က အမျိုးတွေဆီမှာ တည်းကြတာ၊ ရက်လည်ဆွမ်းကျွေးကို ဒေါ်မီးကွေ၊ မာလာနဲ့ သူ့သူငယ်ချင်း၊ ရီရီ နီနီတို့ ညီအမလာကြပါတယ်၊ မာလာလေးကတော့ မျက်နှာမကောင်းလှပါ၊ အခုလို နာရေးကိစ္စဖြစ်သွားတာ ဝါမဝင်ခင် မင်္ဂလာဆောင်ဖြစ်ဖို့ မလွယ်လောက်ဘူးဆိုတာ တွေးမိလို့ နေမှာပါ၊ ရီရီတို့ ညီအမကလဲ နာရေးမို့ မကောင်းတတ်လို့ လာရတဲ့ပုံ။
ဒါပေမဲ့ ဒါတွေကို မောင်မောင် တွေးမနေအားပါ၊ မရီးက စိတ်ဓါတ်မာတဲ့ မိန်းမပေမဲ့ လူရှေ့သူရှေ့မှာသာ မငိုတာ၊ ကွယ်ရာမှာ ကြိတ်မျက်ရည်က ျနေတာပါ၊ တူမလေးတွေလဲ မျက်ရည်မစဲသေးပါ၊ တူမောင်အငယ်လေးသာ ကလေးမို့ ဘာမှမသိတတ်သေးလို့ ဦးလေးသွားလေရာ လိုက်နေတာ။
" ကိုကို၊ မပြန်သေးခင် လာခဲ့ဦးနော်၊ ပြောစရာလေးတွေရှိတယ်" ပြန်ကာနီးမှာ မာလာ သူ့အနား တိုးတိုးပြောသွားတာ။
" အင်း၊ တော်တော်နဲ့ ပြန်ဖြစ်မယ် မထင်သေးပါဘူး ညီမရယ်၊ဒီမှာ အထိုင်ကျအောင် လုပ်ပေးရဦးမှာ"
မာလာနဲ့မောင်မောင် စကားပြောနေတာကို ရီရီတို့ညီအမကြည့်ပြီး အချင်းချင်း လက်ကုတ်ကြတယ်၊ ပြောမဲ့သာ ပြောတာ၊ မာလာက သူတို့ညီမ ဖီဖီထက် အများကြီးသာတယ်၊ ရုပ်ရည်ကော၊ ကိုယ်လုံးကိုယ်ပေါက်ကော၊ အသားဖြူ တာကအစ၊ မာလာက တရုတ်သွေးအများကြီးပါတာမို့ ဖြူဖွေးနေတာ၊
ကိစ္စဝစ္စတွေ အားလုံးပြီးသွားတဲ့ အခါလဲ မောင်မောင် တနိုင်းကို မပြန်ဖြစ်တော့ပါ၊ ကားလုပ်ငန်းကို စက်ပြင်ဆရာနဲ့ဘဲ လုပ်ငန်းပြီးစီးတဲ့အထိ ဆောင်ရွက်ခိုင်းလိုက်ပြီး၊ သူကတော့ အကိုကြီးရဲ့ကားတိုက်မှုကိစ္စအတွက်၊ ထိခိုက်မှု အာမခံကြေးရဖို့တို့၊ တဘက်ကားအုံနာဆီက နစ်နာကြေးရဖို့တို့ကို ဆောင်ရွက်ရပါတယ်၊မောင်မောင်က လူငယ်သာဖြစ်တာ၊ လူက သွက်သွက်လက်လက် ချက်ချက်ချာချာ အပေါင်းအသင်းဆန့်တဲ လူမို့ကူညီမဲ့ မိတ်ဆွေတွေပေါတယ်။
ပြီးတော့ မရီးရဲ့ ဆွေမျိုးအသိုင်းအဝန်းက ကချင်လက်နက်ကိုင် တောတွင်းအဖွဲ့နဲ့ ဆက်နွယ်နေတာမို့တဘက် အုံနာက (သူ့ယာဉ်မောင်း မူးပြီး ယာဉ်ကြောပြောင်းပြန်မောင်းလို့ တိုက်မိတာမို့) လျော်ကြေးပေးတဲ့အနေနဲ့ ကားသစ်တစ်စင်း ဝယ်ပေးတဲ့အပြင် နစ်နာကြေး သီးခြားပေးပါသေးတယ်၊ မရီးက အမှုကို မကျေအေးချင်ပေမဲ့ သူ့အကိုကြီးက (သေတဲ့လူကလဲ သေသွားပြီ၊ ဟိုဘက်က လူထောင်ကျလို့လဲ ကိုယ့်လူက ပြန်ရှင်လာမှာမဟုတ်၊ ကျန်ရစ်တဲ့မိသားစုတွေရဲ့ ရှေ့ရေးက အရေးကြိီတယ်၊ ဒါကြောင့် ထိုက်သင့်တဲ့လျော်ကြေးငွေရရင် ကြေအေးပေးလိုက်) လို့ပြောလို့ပါ။
" မင်းမရီးနဲ့ တူ/တူမတွေကို မင်းဘဲ စောင့်ရှောက်ရမှာဘဲကွာ၊ ငါတို့ကလဲ ဒီမှာ အကြာကြီး မနေနိုင်ဘူး၊ အိမ်မှာ စီးပွါးရေးအလုပ်တွေရှိနေတာ"
မရီးရဲ့အကိုကြိီးက မောင်မောင့်ကို ပြောတာပါ၊ ရက်လည်ပြီးနှစ်ရက်သုံးရက်အတွင်း သူတို့ ပြန်သွားကြတာ၊ မပြန်ခင်မှာ ပြောသွားတာ
" ဟိုမှာ အလုပ်လေးတွေ တန်းလန်းမို့ပြန်တာပါ၊ ၃/၄ လလောက်နေရင် ပြန်လာပြီး ရှေ့ဘာလုပ်ကြမလဲ ထပ်တိုင်ပင်ကြတာပေါ့"
သူ့အမလေးကလဲ မပြန်ခင်မှာ သူ့မောင်ကို နှစ်ယောက်ချင်းတွေ့ပြီး တိုးတိုးတိတ်တိတ် မှာခဲ့တာပါ၊
" ငါ့မောင် မိန်းမယူဖို့ကိစ္စ ခဏဆိုင်းထားပါဦးကွယ်၊ အခုဟာက အကိုကြီးမရှိတော့တဲ့ အခါ ယောင်းမတစ်ယောက်ထဲ ကလေး(၄)ယောက်နဲ့ ဘယ်လိုမှ ဖြစ်မှာမဟုတ်ဘူး၊ ယောင်းမက အရင်ကတဲက ဘာအလုပ်မှ လုပ်ခဲ့ဖူးတာမဟုတ်ဘူး၊ မလုပ်တတ် မကိုင်တတ်ဖြစ်မယ်၊ သမီးလေးတွေကလဲ အပျိုပေါက်လေးတွေဖြစ်နေကြပြီ၊ တို့မောင်နှမတွေ အပေါ်မှာ အကိုကြီးကျေးဇူးတွေ အများကြီးလေ၊ အခု တို့ကပြန်ဆပ်ပေးရတော့မဲ့အချိန်ရောက်နေပြီ"
အမလေးပြောစကားကို အမကြီးကလဲ ထောက်ခံတယ်၊ မောင်မောင်ကလဲ သိပါတယ်၊ အကိုကြီး မရှိတော့တဲ့အခါမှာ မရီးနဲ့ တူ/တူမတွေရဲ့တာဝန် သူ့ခေါင်းပေါ်ကျလာပြီဆိုတာ၊ ဒါကြောင့်
" အမလေး၊ စိတ်ချလက်ချသာ ပြန်ပါ၊ ကျွန်တော် နားလယ်ပါတယ်၊ ကျွန်တော်ဘာဘဲ လုပ်လုပ် မရီးနဲ့ တူ/တူမတွေအတွက် အရင်စဉ်းစားမှာပါ"
~~~~~~~~~~~~~~~~~~~~~~~
တနိုင်းက ဒမ်ပါးကားတွေ မိုးမကျမီပြန်လာလို့ မြို့ပေါ်နဲ့ ဆင်ခြေဖုံး ပတ်ဝန်းကျင် လုပ်ငန်းလေးတွေ လုပ်ရင်း၊ ကုန်တင်ထရပ်ကား လုပ်ငန်းကိုပါ မောင်မောင် စီစဉ် ဆောင်ရွက်ပေးရပါတယ်၊ လူငယ်ပညာတတ်ဖြစ်တဲ့အပြင် ကားလုပ်ငန်းမှာ အောက်သက်ကြေခဲ့လို့ တော်ရုံကားသမား သူ့ကို ညာလို့မရပါ၊ ရက်လယ်ဆွမ်းသွတ်၊ ဧည့်သယ်ဆွေမျိုးတွေ ပြန်သွားတဲ့ နေ့ကစပြီး စီမံဆောင်ရွက်စရာရှိတာတွေ မနားတမ်းဇယ်ခတ်သလို လုပ်နေရတဲ့ အတွက် မောင်မောင် မာလာနဲ့တောင် အေးအေးဆေးဆေး မတွေ့ဖြစ်ပါ၊ ဒါပေမဲ့ အမကြီးကတဆင့် ဒေါ်မီးကွေကို ပြောထားရတာ၊ မင်္ဂလာဆောင်ကိစ္စ တစ်နှစ်လောက် နောက်ဆုတ်ပေးဖို့၊ နှစ်လလောက်ရှိမှ မောင်မောင် မာလာနဲ့တွေ့ဖြစ်ပါတယ်၊
" ကိုကို အလုပ်တွေ တအား ရှုတ်နေတာ သိတယ်၊ ဒါကြောင့် မာလာ သိပ်တောင် မမျှော်ပါဘူး"
မျက်နှာမကောင်းပေမဲ့ မာလာ အပြုံးနဲ့ ပြောတာ၊
" ညီမကို ကိုကို အားလဲနာပါတယ်ကွာ၊ ပြီးတော့ ကိုကို့ကို အပြစ်မမြင်တဲ့ အတွက်လဲ ကျေးဇူးတင်ပါတယ်၊"
" ဘာကို အပြစ်မြင်ရမှာလဲ ကိုကိုရယ်၊ ကိုကို့ရဲ့ အနေအထားကို မာလာသိနေတာဘဲ၊ မာလာ ကိုကို့ကို မေတ္တာစစ်နဲ့ ချစ်ခဲ့တာပါ၊ အခွင့်အရေးလဲ မယူပါဘူး၊ ကိုကို အမကြီးက မေမေ့ကို ပြောတယ် တဲ့၊ မင်္ဂလာကိစ္စ နောက်တစ်နှစ်လောက် ဆုတ်ပေးပါလို့၊ ပြောနေစရာ လိုသေးလို့လား ကိုကို၊ ကိုကိုကြားဖူးမှာပါ၊ ဟေမာနေဝင်းသီချင်း၊ (သိပ်ချစ်ရတဲ့ကိုကိုမို့လေ၊ဟေမာ ဆိုးမိတာပါ) တဲ့၊ မာလာက မဆိုးပါဘူး၊ (သိပ်ချစ်ရတဲ့ ကိုကိုမို့လေ၊ မာလာ ခွင့်လွတ်မှာပါ)၊နော် ကိုကို"
မချိတဲ့ နှလုံးသားကို အပြုံးဆင်ပြောနေတဲ့ ချစ်သူကို မောင်မောင် စိတ်မကောင်းစွာ ကြည့်နေမိတယ်၊သူငယ်ချင်းမကတော့ ထုံးစံအတိုင်း မောင်မောင် လာတာနဲ့ အပြင်ထွက် ရှောင်ပေးပြီ၊ သူတို့နှစ်ယောက်ထဲ၊
" ကဲပါကိုကိုရာ၊ စိတ်မကောင်းစရာတွေ တွေးနေလို့လဲ ဘာမှဖြစ်လာမှာ မဟုတ်တာ..တွေ့တုန်း အားပါးတရ ချစ်မယ်ကွာ"
" ကိုကို မာလာအပေါ် အခွင့်အရေး ယူတာတွေ များနေပြီ ထင်တယ်"
မောင်မောင် တွေဝေနေတာကို မာလာ သိတယ်၊ ဒါကြောင့်
" ကိုကို အခွင့်အရေး မယူတတ်ဘူးဆိုတာ မာလာသိပြီးသား၊ အခုဟာက မာလာကိုက တောင့်တနေလို့ပါ ကိုကိုရယ်၊ နော်-ကိုကိုနော်"
ကာမဘုံသား ဆုံလယ်နွားတွေဘဲလေ၊ ဆားငန်ရေဆိုတာ သောက်ပြီးရင်းသောက်ချင် ဆိုတာကိုး၊ မာလာကိုယ်တိုင်က တောင့်တနေမှတော့ မောင်မောင် မထိန်းတော့ပါဘူး၊ အတူ အိပ်ဖြစ်လိုက်ကြတယ်၊
" ကိုကို့ကို ပြောမလို့၊ မာလာ မန္တလေး သွားနေလိုက်ဦးမယ်"
မောင်မောင် ပြန်ကာနီးမျ မာလာက ပြောတာ
" ဘာသွားလုပ်မျာလဲ ညီမရယ်"
" မာလာတို့ ဒေါ်ဒေါ်ငယ်လေး မန္တလေးမှာ စတိုးဆိုင်ကြီးတွေရှိတယ်၊ စိတ်ချရတဲ့ လူရင်းထဲက မရှိလို့ခေါ်တာ၊ မန်နေဂျာ ရာထူးနဲ့"
" ဒေါ်ဒေါ်ငယ်လေးဆိုတော့ အမျိုး တော်တော်ရင်းလား ၊ စိတ်မချလို့ပါ"
" အဒေါ်အရင်းပါ ကိုကိုရယ်၊ အပါး(ဖခင်)ရဲ့ ညီမအရင်းပါ၊ စိတ်ချစမ်းပါ ကိုကိုရာ၊ မာလာက ကိုကို့မယားဖြစ်ပြီးသားပါ၊ ကိုကို လက်ထပ်ယူမဲ့ အချိန်ကို စောင့်နေမှာပါ၊ ဒီမှာမနေချင်ဘူးဆိုတာ ကိုကိုနဲ့မာလာ ဝါမဝင်ခင် မင်္ဂလာဆောင်ကြမယ်လို့ မိတ်ဆွေအပေါင်းအသင်း အတော်များများ သိထားကြတာမို့၊ မာလာ ရှက်လို့ပါ ကိုကိုရာ၊ နော်ကိုကို၊ နော်"
" ဒီလိုဆိုလဲ သွားပေါ့ ညီမရယ်"
အခြေအနေအရ မောင်မောင် ခွင့်ပြု လိုက်ရတာပါ။
မြစ်ကြီးနားမှာ မာလာမရှိတဲ့နောက် မောင်မောင် တခြားဘာတွေမှ ခေါင်းထဲ မထားတော့၊ လုပ်ငန်းအောင်မြင်ရေးနဲ့ စီးပွါးရေးကိုသာ ဇောက်ချလုပ်တော့တာပါ၊ အကိုကြီးဆုံးတာ (၆)လကျော်ကျော်၊အောက်တိုဘာ သီတင်းကျွတ်လထဲမှာ မရီးရဲ့အကိုကြီး မြစ်ကြီးနား ပြန်ရောက်လာပြီး ဘယ်သူမျ မျှော်လင့်မထားကြတဲ့ စကားတွေ ပြောလာပါတော့တယ်၊
" မောင်မောင်၊ မင်းနဲ့မကော့ လင်မယားအဖြစ် ယူလိုက်ကြတော့ကွာ"
ဒီ စကားကို ကြားလိုက်ရချိန် မောင်မောင်တင်မက မကော့ပါ မျက်လုံး ပြူးသွားပါတယ်၊ လုံးဝ ထင်မှတ်မထားတဲ့ စကားကိုး၊
" ခင်ဗျာ၊ အကိုကြီး၊ ကျွန်တော် အမကို ယူရမယ်၊ ဟုတ်လား၊ မဖြစ်နိုင်တာ"
မောင်မောင် အံ့အားသင့်သွားတာပါ။
" ဟုတ်တယ် ညီလေး၊ အကိုကြီးတို့ ဂျိန်းဖောရိုးရာမှာ အကို/ညီ သေရင် ကျန်ရစ်တဲ့ မုဆိုးမကို သေသူရဲ့ ညီ/အကိုက လက်ထပ်ယူရတယ်၊ ရှေးတုန်းကတော့ ဒါက လိုက်နာရမဲ့ ဓလေ့ထုံးတမ်းစဉ်လာဘဲ၊ အခုခေတ်မှာတော့ မယူမနေရရယ်လို့ အတင်း သတ်မှတ်ထားတာမျိုးတော့ မရှိဘူးပေါ့လေ၊ မယူချင်လဲ နေလို့ရပါတယ်၊အခု ညီလေးကို အကိုကြီး ပြောနေတာကလဲ ဇွတ် တိုက်တွန်းတာတော့ မဟုတ်ပါဘူး"
မရီးရဲ့ အကိုကြီးက စကားပြောရင် အေးဆေးသက်သာ စီကာပတ်ကုံး ပြောတတ်တာ၊ အခုလဲ မောင်မောင့်ကို နားဝင်အောင် ပြောနေတာ၊
" ဒါပေမဲ့ ညီလေးစဉ်းစားနော်၊ ညီလေးရဲ့ အကိုကြီး မရှိတော့တဲ့နောက် ကျန်ရစ်ခဲ့တဲ့ ညီလေးအကိုကြီးရဲ့ မျိုးဆက်လေးတွေ၊ တူ/တူမလေးတွေ အတွက် စဉ်းစားပါ"
" အခုလဲ မရီးနဲ့တူ/တူမလေးတွေအတွက် ကျွန်တော် ရှာဖွေကျွေးမွေးနေတာဘဲ အကိုကြီးရာ၊ မရီးနဲ့ မယူဘဲနဲ့ အခုလိုနေလဲ ရတာဘဲ"
" ဒီလိုလဲ မဟုတ်သေးဘူးလေကွာ"
" မကော့၊ ညီးက ဘယ်သွားမလို့လဲ၊ ထိုင်နေ၊ ငါပြောနေတာ နှစ်ယောက်လုံးအတွက်"
မျက်နှာပူလို့လား၊ ဒါမှမဟုတ် ရှက်လို့လား၊ မရီးဖြစ်သူထိုင်နေရာက အပြင်ထွက်မယ်အလုပ် သူ့အကိုကြီးက ပြန်ထိုင်ခိုင်းတာပါ၊ မကော့အနေနဲ့ မောင်နှမလိုနေလာခဲ့တဲ့ မတ်ကို ပြန်ယူရမယ်လို့ အကိုဖြစ်သူက ပေါ်တင်ကြီးပြောနေတာကို နားမရဲတာ အမှန်ပါ၊
" ညီလေး၊ မင်းပြောတာလဲ ဟုတ်ပါတယ်၊ ဒါပေမဲ့ ရေရှည်မှာ မလွယ်လှဘူးကွာ၊ ငါ့ညီမ၊ မင်းမရီးက အခုမှ(၃၃)နှစ်ရှိသေးတာ၊ အသက်က ငယ်သေးတယ်၊ ဒီတိုင်းနေမှာလဲ မဟုတ်ဖူး၊ နောက်ယောင်္ကျား ယူဦးမှာဘဲ"
" ကလေးတွေနဲ့ ယောင်္ကျားတော့ မယူတော့ပါဘူး အကိုရယ်"
မကော့ မျက်နှာ ရဲတက်ပြီး သူ့အကို ကိုပြောလိုက်တာ၊
" ငါ့ညီမ ဒီလိုကြီး အပြတ်မပြောနဲ့လေ၊ ညီးအသက်အရွယ်နဲ့က နောက်ယောင်္ကျား ယူမှကို ဖြစ်မယ်၊ မယူရင် ရေရှည်မှာ ညီးကို ဘယ်သူစောင့်ရှောက်မှာလဲ၊ ငါတို့တွေ အသက်တွေကြီးပြီ၊ မင်းတို့ဘ၀ မင်းတို့နေကြရမှာ"
" မောင်မောင် ရှိတာဘဲ"
မိုးကြိုးပစ် ထန်းလက်ကာ ဆိုသလို မကော့ပြောမိပြောရာ ပြောလိုက်တာ၊
" မောင်မောင် ရှိတာပေါ့၊ အေး၊ ဟုတ်ပြီ၊ မောင်မောင်က သူ့မရီးနဲ့တူ/တူမတွေကို စောင့်ရှောက်ရှာဖွေကျွေးမွေးမယ်၊ ရတယ်ထား၊ မောင်မောင်က မိန်းမ မယူတော့ဘူးတဲ့လား၊ သူ့မိန်းမကရော ဒီလို မရီးနဲ့တူ/တူမတွေ တပုံတခေါင်းကို ရှာဖွေကျွေးနေတာကို ကြည်ဖြူ ပါ့မလား၊"
မရီးအကိုကြီးပြောနေတာက သမာသမတ်ကျကျနဲ့ ဖြစ်နိုင်စွမ်းကိုပြောနေတာမို့ မောင်မောင်ရော၊ မကော့ပါ ဘာမှပြန်မပြောနိုင်ကြပါ၊
" ကဲ၊ ဒါဖြင့်ကောင်းပြီ၊ မောင်မောင်က မိန်းမ မယူတော့ပါဘူး၊ မရီးနဲ့တူ/တူမတွေကိုဘဲ တသက်လုံး စောင့်ရှောက်ကျွေးမွေးပါ့မယ် ဆိုရင်"
အကိုဖြစ်သူ စကားကို မပြောသေးဘဲ ရပ်ထားတာမို့ မကော့(ဘာများဆက်ပြောမလဲ) နားစွင့်နေတာ၊ မောင်မောင်ရောဘဲ၊
" ရေရှည်မှာ ဖြစ်မလား၊ တစ်အိမ်ထဲမှာ နေ့တဓူ၀ အတူနေကြရမှာ၊ အသက်အရွယ်ကလဲ အရွယ်ကောင်းတွေ"
" ဘာမှမဖြစ်ပါဘူး အကိုကြီး၊ မရီးကို ကျွန်တော့် အမအရင်းလို သဘောထားတာပါ"
မောင်မောင် မခံချင်စိတ်နဲ့ ဇွတ်ပြောတာ၊
" ကျမလဲ ဘယ်လိုမှ ဖြစ်မှာမဟုတ်ဘူး အကို၊ ငယ်ငယ်လေးကတဲက အတူနေလာကြတာ၊ မောင်နှမအရင်းလိုဘဲ"
မကော့လဲ ဝင်ပြောတာ
" အေး၊ မဖြစ်ခင်တော့ ပြောနေကြတာပေါ့ကွာ၊ ဒါပေမဲ့(မိုးမပြို ဘူး ပြို ခဲ့သော်) ဖြစ်သွားပါပြီတဲ့၊ မရီးမုဆိုးမနဲ့ လူပျို မတ်လုပ်တဲ့လူ၊ မှားကြပြီတဲ့၊ ဘာဖြစ်မလဲ၊ ဘယ်သူမှ အပြစ်ပြောမှာ မဟုတ်ပေမဲ့၊ ကွယ်ရာမှာတော့ ဟားနေကြမှာ"
ဆက်တိုက်ပြောနေရလို့ မောသွားပုံ ခဏနားပြီးမှ
" ဒီတော့ ငါရှင်းရှင်းဘဲ ပြောမယ်ကွာ၊ ငါ့ညီမကို ငါတို့နဲ့ဝေးရာအရပ်မှာ လင်မရှိတဲ့မုဆိုးမ အနေနဲ့တော့ ထားခဲ့ရမှာ စိတ်မချဘူးကွာ၊ မောင်မောင်၊ မင်းလက်ထပ် ယူမယ်ဆိုရင်လဲယူ၊ မင်းမယူနိုင်ဘူးဆိုရင် ငါ့ညီမကို ဗန်းမော်ပြန်ခေါ်သွားရမှာဘဲ၊ ဒီခြံဝင်းကိုလဲ ရောင်းလိုက်ရမယ်"
မောင်မောင် ဘာစကားမှ မပြောဘဲ အသာနားထောင်နေတာပါ၊ မရီးရဲ့အကိုကြီးပြောပုံအရ သူသာ မရီးကိုလက်မထပ်ဘူးဆိုရင် အခုနေတဲ့အိမ်ဝင်းကိုရောင်း၊ ကားတွေကိုပါ ဗန်းမော်ကိုပြန်ယူသွားမဲ့သဘော၊ မောင်မောင် ခြေမဲ့လက်မဲ့၊ မြောင်းထဲ ရောက်ဆိုတဲ့ပုံ၊
" ဒါကတော့ အကိုကြီးတို့ သဘောပါ၊ ကျွန်တော်ပြောပိုင်ခွင့် မရှိပါဘူး၊ ကျွန်တော်က တစိမ်း မတ်ပါ၊ အကိုကြီးတို့က အကိုအရင်းတွေ"
မောင်မောင်စကားကို ကြားတော့ မရီးရဲ့အကိုက ပြုံးတယ်၊ သူ့မှာ မောင်မောင့်ကို အပီကိုင်ဖို့ရာ ဝှက်ဖဲ ရှိနေတယ်လေ၊
" ဟုတ်ပါပြီ၊ ညီလေးရေ၊မင်းကလဲ မကော့ကို အမအရင်းလိုဖြစ်နေလို့ မယူချင်တာ အပြစ်မပြောပါဘူးကွာ၊ ငါတို့ ညီမကို ဗန်းမော်ပြန်ခေါ်သွားရမှာပေါ့၊ ဟိုရောက်တဲ့ အခါကျမှ သင့်တော်တဲ့ယောင်္ကျား ရှာပေးစားရမှာဘဲ"
သူတို့နှမ သူတို့လင်ပေးစားတာ-ပေးစားပေါ့၊ ဒါပေမဲ့
" ညီလေးရေ၊ ပြောတော့ မပြောကောင်းဘူးပေါ့ကွာ၊ ဒါပေမဲ့ကွာ၊ လူတွေ အကောင်းဆုံးကိုမျှော်လင့်ကြပေမဲ့ တခါတလေ အဆိုးဆုံးဖြစ်ချင်လဲ ဖြစ်သွားတတ်တာကွ၊ နောက်ယောင်္ကျားယူပြီ၊ ကောင်းရင်တော်ရဲ့၊ မကောင်းလို့ကတော့၊ သမီးတွေကလဲ အပျိုလေးတွေဖြစ်လာကြမှာနဲ့"
မောင်မောင် တုန်ခါသွားတယ်၊ ဟုတ်တယ်၊ မဖြစ်ပါဘူးလို့ ပြောမရတဲ့ ကိစ္စ၊ ပထွေးနဲ့ မယားပါသမီးဇာတ်လမ်းတွေက နေရာတကာမှာ မကြားချင်အဆုံး၊ မောင်မောင် မျက်နှာတချက်ပျက်သွားတာကို မရီးရဲ့အကိုက သိလိုက်တယ်၊
" ကွာ၊ ငါလဲ ငါ့ညီမအတွက် စိတ်ပူတယ်ကွာ၊ ညီလေးနဲ့ဆို စိတ်ချတယ်၊ ငါတို့ အကိုတွေက အသက်တွေကြီးကုန်ပါပြီ၊ သေတာတောင် စိတ်ဖြောင့်ဖြေင့်တန်းတန်းသေချင်တယ်ကွာ၊ ညီလေးရာ၊ မင်းစဉ်းစားပါကွာ၊ အခုချက်ချင်းကြီး အဖြေမပေးပါနဲ့၊ ညီလေးအမတွေနဲ့ တိုင်ပင်ပါဦး၊ အနည်းဆုံး တစ်ပတ်လောက်အထိတော့ အကိုကြီးစောင့်ပေးလို့ ရပါတယ်"
ပြောစရာစကား မရှိတော့လို့ မရီးရဲ့အကို ထိုင်ရာက ထသွားပါတယ်၊ မကော့ မတ်ဖြစ်သူကို မျက်နှာပူလို့ဆက်ထိုင်နေရကောင်းနိုးနိုး၊ ထသွားရကောင်းနိုးနိုးဖြစ်နေရာက စကားတခွန်းကို မနဲအားယူ ပြောလိုက်ရပါတယ်
" မောင်လေးရယ်၊ မင်းအကိုကြီးချွေးနည်းစာနဲ့ ဝယ်ထားတဲ့ ဒီအိမ်နဲ့ဒီခြံကြီးကို မရောင်းရက်ပါဘူးကွယ်..”
..............................................
မုဆိုးမ သက်တမ်း (၆)လ အတွင်း ယောင်္ကျားနဲ့ အတူနေချင်တဲ့ စိတ်တွေ တခါတလေမှာ ထိန်းမနိုင်တားမရ ဖြစ်ဘူးပါတယ်၊ ဖြစ်တဲ့အခါတိုင်း သားသမီးလေးတွေ မျက်နှာထောက်ပြီး ဒီစိတ်တွေကို ချိုးနှိမ်ခဲ့တာပါ၊နောက်ဆုံး မနေနိုင်လွန်းတဲ့အခါ စောက်ပပ်ထဲလက်နဲ့ ထိုးမွှေပြီး စိတ်ဆန္ဒကိုဖြေဖျောက်တာပါ၊ တအိမ်ထဲအတူနေတာပေမဲ့ မတ်လုပ်တဲ့လူကို မကော့တခါမှ စိတ်ကစားခဲ့ဖူးခြင်းမရှိပါ။
သူတို့အကိုကြီးနဲ့ ယူတုန်းက မောင်မောင်က (၉)နှစ်သား ရှိသေးတာ၊ ဘောင်းဘီတိုလေးနဲ့ တကဲ့ပီဘိ ကလေး လေး၊ မင်္ဂလာဆောင်လက်ထပ်ပွဲကအပြန် သပိတ်ကျင်းအနီး လေနီကြမ်းမိလို့ သင်္ဘောနစ်တဲ့အထဲ သူတို့မိဘနှစ်ပါး တိမ်းပါးသွားကြလို့ သူ့ပယောဂ မကင်းဘူးရယ်လို့ မကော့ ခံယူထားတာ၊ ဒါကြောင့်လဲယောင်းမတွေနဲ့မတ်ကို ညီမအရင်း၊ မောင်အရင်းလို သဘောထားခဲ့တာ။
လင်ယောင်္ကျား သေပြီးတဲ့နောက်မှာ သူတွေးပါတယ်၊ သူ့အသက် (၃၃)နှစ်၊ အရွယ်ရှိသေးတယ်၊ သွေးဆုံးသေးတာမဟုတ်ဖူး၊ မိန်းမတစ်ယောက် အဖို့(၃၃)နှစ်ဆိုတဲ့အရွယ်က တဏှာပေမစိတ် အထန်ဆုံး၊အတက်ကြွဆုံးအချိန်၊ အရင် ဖာသိဖာသာနေလာရာက အကိုဖြစ်သူရောက်လာပြီး၊ မောင်မောင်နဲ့ယူဖို့ရာ ပြောလာတော့ မီးခဲပြာဖုံးဖြစ်နေတဲ့ မကော့ရဲ့ ကာမစိတ်တွေ ကြွတက်လာတာ အမှန်ပါ။
အရင်က မောင်မောင့်ကို မြင်ပေမဲ့ ဘာဆိုဘာမှ မဖြစ်ခဲ့တဲ့ မကော့၊ သူ့အကို စကားလမ်းကြောင်းပေးလိုက်မှဘဲ မတ်ဖြစ်သူအပေါ် စိတ်ဂနာမငြိမ် ဖြစ်လာတာ၊ ခါတိုင်း ညမှာ ဒီအတိုင်းအိပ်နေရာက အိပ်မရဖြစ်လာပြီး မတ်ဖြစ်သူကို မျက်စိထဲမြင်နေမိတာပါ၊ ပြီး တွေးရင်း တွေးရင်း စောက်ပပ် ယားယံလာတာနဲ့ စိတ်တိုပြီး
" ကဲဟယ်-ကဲဟယ်" နဲ့လက်ဝါးစောင်းတိုက်လိုက်ရပါတယ်၊
ဒေါ်လေး လုပ်သူက မိန်းမချင်း မြင်တယ်၊ သူ့တူမ ယောင်္ကျား နဲ့ကင်းကွာနေလို့ အလိုးခံချင်နေပြီဆိုတာ ရိပ်မိတယ်၊ မတ်နဲ့မရီးမို့ အိန္ဒြေသိက္ခာထိန်းနေတာကိုလဲ သိတယ်၊ အခု သူ့တူကြီးရောက်လာပြီး မတ်နဲ့မရီး ယူချင်ယူ၊ မယူဘူးဆိုရင် ဗန်းမော်ပြန်ခေါ်မယ် ဆိုတဲ့အခါ သူ့တူမ မလိုက်ချင်မှန်းသိတယ်၊ သူကလဲ တူမကလေးကို သနားတယ်၊ အရွယ်ကျန်သေးတယ်လေ၊ အိမ်ထောင်ပြု ကိုပြု ရမှာပါ၊ ဒါကြောင့် ဒေါ်လေးက သူ့တူမကို ပြောရတယ်၊
" ညီး၊ ဗန်းမော် ပြန်မလိုက်ချင်ရင်တော့၊ မတ်ဖြစ်သူ ကိုယ့်ကို ကြို က်ချင်လာအောင် သိမ်းသွင်းပေတော့"
" ရှက်စရာ ဒေါ်လေးရယ်၊ ကိုယ့်ထက်(၁၀)နှစ်လောက်ငယ်နေတာ၊ပြီး သူ့မှာလဲ ရည်းစားနဲ့"
မကော့ စကားကို ဒေါ်လေးက
" တို့ ကချင်ထုံးစံ၊ မတ်နဲ့မရီး ယူကြရတာဘဲလေ၊ ရှက်စရာမဟုတ် ရှက်မနေနဲ့၊ သူ့ရည်းစားဆိုတာကလဲ ခဏနေ မေ့သွားမှာပါ၊ ညီးသာ ဂျီးထူမနေနဲ့၊ ငါပြောသလိုသာ လုပ်"
ဒီနောက်မှာ ဒေါ်လေးက သူ့တူမကို လက်ချာပို့ချပါတော့တယ်၊
" ယောင်္ကျား တော်တော်များများ မိန်းမကသာ မျက်ရည်ကျ ပြလိုက်၊ တောင့်မခံနိုင်ပါဘူးအေ"
~~~~~~~~~~~~~~~~
မရီးရဲ့အကို ပြောစကားအရ မရီးကို သူလက်မထပ်ဖြစ်ရင် ဗန်းမော်ကို ပြန်ခေါ်သွားမယ်လို့ သိလိုက်ရပြီးတဲ့နောက် မောင်မောင် စိတ်တွေ တအုံနွေးနွေးဖြစ်နေတာပါ၊~ မရီးရဲ့အကိုက ခြံကိုရောင်း၊ ကားတွေကိုပါယူသွားမှာ၊ သူ့ကိုတော့ တစိမ်းတရံစာလို ဥပက္ခာပြု ထားခဲ့မှာ၊ လက်ရှိလုပ်ကိုင်နေတဲ့ ကားတွေမရှိတော့ကော၊ သူအနေနဲ့ ပူစရာမလိုပါ၊ တခြားအလုပ်ပြောင်းလုပ်ရင် ရပါတယ်၊ မရီးကိုလဲ နောက်ယောင်္ကျား ယူမှာ/ မယူမှာတွေက သူနဲ့မဆိုင်လှပါ၊ အကိုနဲ့ပတ်သက်လို့သာ မရီးတော်နေတာ၊ အကိုသေပြီးတဲ့နောက် တစိမ်းတရံစာဘဲလေ။
ဒါပေမဲ့ သူ့အကိုကြီးရဲ့ သားသမီးတွေ၊ သူ့ရဲ့တူ/တူမတွေကိုရော၊ သူ ပစ်ပစ်ခါခါ လုပ်ရက်ပါ့မလား၊ သူ့တူမကလေးတွေ မတော်မရော်တွေ ဖြစ်သွားခဲ့မယ်ဆိုရင် သူ့အကိုကြီး သင်္ဂြုဟ်စဉ် ရေစက်ချရင်း သူသစ္စာဆိုခဲ့တာက အလကားဖြစ်သွားတော့မှာပါလား၊ တွေးရင်းတွေးရင်း မောင်မောင် မချိတင်ကဲဖြစ်လာတယ်၊ ဒါကြောင့် နောက်တနေ့ ညဦးပိုင်းမှာ စိတ်ကူးအကြံဉာဏ်လေးများ ရလိုရငြား အမကြီးတို့အိမ်ဘက် ထွက်လာခဲ့တယ်၊
" လာ မောင်လေး၊ အမကြီးတောင်မှ မောင်လေးဆီလာခဲ့မလို့၊ ပြောစရာလေးတွေရှိလို့"
ရောက် ရောက်ချင်း အမကြီးက ဆီးပြောတာ၊
" ကျွန်တော်လဲ အမကြီးကို ပြောစရာရှိလို့၊မနေ့က မရီးရဲ့အကိုကြီးက ကျွန်တော်နဲ့ မရီးကို.."
မောင်မောင် ရှေ့ဆက်မပြောထွက်တော့၊
" မောင်လေးကို မကော့နဲ့ ယူခိုင်းတာ မဟုတ်လား၊ မနေ့က ဒီလူကြီး အိမ်ကိုရောက်လာပြီး အမကြီးကိုလဲ ဒီအကြောင်းပြောပြတယ်၊"
" ဟုတ်ကဲ့၊ အဲဒါ အမကြီးရာ၊ ကျွန်တော်မရီးမျက်နှာကို ဘယ်လို ကြည့်ရမှာလဲ၊ မယူနိုင်ပါဘူး ပြောရင်လဲ မရီးကို ဗန်းမော်ခေါ်သွားပြီး ယောင်္ကျား ပေးစားမယ်တဲ့၊ သူတို့ဖာသာ ယောင်္ကျား ပေးစားတာ အကြောင်းမဟုတ်ပါဘူး၊ တူမလေးတွေ ပထွေးနဲ့နေကြရမှာ၊ ပထွေးဆိုတဲ့လူမျိုးက ဆယ်ယောက်တစ်ယောက် ကောင်းတဲ့သူ ရှားတယ်"
" အမကြီးကိုလဲ သူက ဒီလိုဘဲ ပြောသွားတာဘဲ၊ သူ့ညီမက အရွယ်ငယ်သေးတယ်၊ တသက်လုံး ဒိအတိုင်း နေသွားလို့ မဖြစ်ဘူးပေါ့လေ၊ နောက်အိမ်ထောင် ပြု မှကိုဖြစ်မယ်ပေါ့၊ သူတို့ဆွေမျိုးတွေက ရိုးရာဓလေ့ထုံးစံအရ မင်းနဲ့ပေးစားချင်တာ နောက်အိမ်ထောင်ထူမဲ့ အတူတူ တခြားယောင်္ကျား ဆိုရင် ကံစမ်းမဲထိုးရသလို မသေချာဘူး၊ မင်းနဲ့ကျတော့အတွင်းသိ အစင်းသိမို့ပါလို့ ပြောသွားတာ"
" ကျွန်တော်လဲ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင်ကို ဖြစ်နေပြိ အမကြီး၊ မာလာလေးအပေါ်မှာလဲ သစ္စာဖောက်ရာ ဖြစ်နေမလားလို့"
" ဒါလဲ ဟုတ်တာဘဲ၊ အမကြီးနေ့ခင်းက ဒေါ်မီးကွေကို ဒါနဲ့ပတ်သက်ပြီး အကျိုးအကြောင်းလေးတော့ ပြောပြထားတယ်"
" သူက ဘာပြန်ပြောလဲ အမကြီး "
ဒေါ်မီးကွေရဲ့ သဘောထားကို မောင်မောင်သိချင်နေတာ၊
" သူ့အနေနဲ့တော့ ဘာမှပြောစရာမရှိပါဘူးတဲ့၊ မင်းနဲ့သူ့သမီးနှစ်ယောက်ရဲ့ သဘောအတိုင်းပါဘဲ လို့ ပြောတယ်ကွ၊ နောက်သူ ပြောတာကသူကသာ မာလာကို မင်းနဲ့ပေးစားဖို့သဘောတူနေတာ၊ သူ့သားအိရှန်က သဘောမတူဘူး ဆိုဘဲ"
အမကြီးစကား ကြားရတဲ့အခါ မောင်မောင်စိတ်ထဲ မခံချိမခံသာ ဖြစ်သွားတယ်၊ အိရှန်ဆိုတဲ့အကောင် သူ့ညီမနဲ့ သဘောမတူဘူးဆိုရအောင် ကိုယ်ကသူ့လို အရက်သမား ဖဲသမားလဲမဟုတ်၊ သူကသာ အမေနဲ့မိန်းမလုပ်စာ ထိုင်စားနေတဲ့အကောင်။
" အိရှန်က သဘောမတူဘူးပြောရအောင် သူက အကိုဘဲ၊ အမေ တယောက်လုံးကတောင် သဘောတူပြီးသားဘဲဟာ"
" ညီလေး နားထောင်မယ်ဆိုရင်တော့ အကိုပြောချင်တယ်ကွာ"
အမကြီးယောက်ကျ ားက စကားစတယ်၊ ဒီယောက်ဖကြီးက လူအေး၊ စကားလဲနည်းတယ်၊ စကားပြောခဲတဲ့ယောက်ဖကြီးက ပြောချင်တယ်ဆိုတော့ ဘယ်လို ငြင်းကောင်းပါ့မလဲ၊
" ဟုတ်ကဲ့ အကို၊ ပြောပါ၊ကျွန်တော် နားထောင်ပါ့မယ်"
" အခုဖြစ်နေတဲ့ ကိစ္စက ညီလေးဖာသာ ဆုံးဖြတ်ရမဲ့ကိစ္စ၊ အိရှန်သဘောတူတာ/မတူတာ တွေးမနေနဲ့၊တကယ်တမ်းဆို ဒေါ်မီးကွေနဲ့တောင် မဆိုင်ဘူး၊ မာလာသဘော တခုထဲဘဲ။ ဒါပေမဲ့ညီလေး စဉ်းစားစေချင်တယ်၊ မာလာနဲ့က သမီးရည်းစားအဆင့်ဘဲ ရှိသေးတယ်၊ နောက်ဆုတ်မယ်ဆို ဆုတ်လို့ရသေးတဲ့အဆင့်၊မင်းအမရှေ့ပြောလို့တော့မကောင်းဘူးပေါ့ကွာ၊ ညီလေးနဲ့မာလာ သမီးရည်းစားအဆင့်ထက် ကျော်နေပြီဆိုတာအကိုသိတာပေါ့၊ ဒီကိစ္စတွေက ဒီခေတ်ထဲမှာ အဆန်းမှမဟုတ်တော့တာ၊ ဒီခေတ်လူငယ်တွေ သမီးရည်းစားဖြစ်တာနဲ့၊ သိပ်မကြာဘူး၊ ညားကြတယ်ဆိုတာ၊ မယူဖြစ်ကြရင်လဲ သူလဲမနစ်နာပါဘူး၊ ဒီခေတ်ထဲမှာ ဘယ်ယောက်ကျားလေးကမှလဲ အပျို စစ်/မစစ် စီစစ်မနေကြပါဘူး "
ယောက်ဖလုပ်တဲ့သူက စကားအရှည်ကြီးပြောလိုက်ရလို့ ထင်ပါရဲ့၊ ထိုင်နေရာကထပြီး ရေသွားသောက်တယ်၊
" မောင်လေး၊ မင်းဟာမင်းသာ ဆုံးဖြတ်ပါဟယ်၊ အမကြီးတော့ ဘာမှ မပြောတတ်တော့ဘူး"
မောင်နှမနှစ်ယောက် ဒိထက်ပိုမပြောတတ်ကြ၊
" နောက်တခုက "
ရေသောက်ပြီး ပြန်ရောက်လာတဲ့ ယောက်ဖက ဆက်ပြောတာ၊
" အကို အကြံပေးချင်တာ မကော့ကို ယူစေချင်တယ်၊ ညီလေးကပြောမယ်၊အသက် (၁၀)နှစ် ကြီးတောင် ကြီးတာ၊ ကလေး(၄)ယောက်အမေ၊ မုဆိုးမနဲ့လူပျို လေး၊ ပြောရက်လိုက်တာလို့၊ ကိုယ်က စောင့်ရှောက်ရမဲ့ဝတ္တရားရှိတယ်လေ၊ ကိုယ့်အကိုကြီးကို ကျေးဇူးဆပ်ရာလဲ ရောက်တယ်"
ယောက်ဖ ပြောစကားနားထောင်ရင်း အမကြီးဖြစ်သူဘက် လှဲ့ကြည့်တဲ့အခါ အမကြီးကပါ သူ့ယောက်ကျားပြောတာကို လက်ခံချင်တဲ့ပုံ၊
" နောက်ပြီးတော့ကာ " ယောက်ဖဆက်ပြောနေတာ
" ညီလေး၊ မင်းအခု ဦးစီးလုပ်နေတဲ့ကားတွေအားလုံး တကယ်ဆိုရင် မကော့ဘဲ ပိုင်တာ၊ သူ့အကိုတွေနဲ့ ဘာမှမဆိုင်ဘူး၊ မင်းနဲ့ မကော့ သာယူလိုက်ကြပြီးရင် ပိုနေမြဲ ကျားနေမြဲ၊ အခုအတိုင်း ဥမကွဲ သိုက်မပျက် ညီလေးဘဲ ဆက်ဦးစီးလုပ်ကိုင်သွားရမှာ၊ အကောင်းဆုံးကတော့ ညီလေးမာလာကို အကျိုးအကြောင်းဖုန်းဆက်ဆွေးနွေး ပြောပြပေါ့ကွာ၊ အကို ထင်ပါတယ်၊ မာလာလဲ ခေတ်မီပါတယ်၊ သူ့မှာလဲ Plan.B တော့ရှိမှာပါ "
အဲဒီညက မောင်မောင် အိမ်ကို မိုးကြီးချုပ်မှ ပြန်ရောက်တာပါ၊ ဆိုင်ကယ်မီးရောင်မြင်တာနဲ့ မရီးခြံတံခါးလာဖွင့်ပေးပြီး
" မိုးချုပ်လိုက်တာ မောင်လေးရယ်၊ စိတ်ညစ်လို့များ ရှောက်သွားနေတာလား"
" ဟုတ်ကဲ့ပါ အမ၊ ကျွန်တော်တောင်းပန်ပါတယ်၊ အမကြီးတို့အိမ်သွားတာ၊ ယောက်ဖကြီးနဲ့ စကားကောင်းနေလို့"
" ဟုတ်ပါပြီကွယ်၊ အမကြောင့်များ မောင်လေး စိတ်သောကရောက်နေမလားလို့ပါ"
" ဒီအတွက်တော့ ပူမနေနဲ့အမရေ၊ ကျွန်တော်စိတ်ညစ်တတ်တဲ့လူ မဟုတ်ပါဘူး"
........................................................................................................
နောက်တရက်မှာ မောင်မောင် မာလာဆီကို ဖုန်းခေါ်ပြီး ဒီအကြောင်းတွေ ပြောပြတဲ့အခါ
" ကိုကို မပြောခင် မာလာသိနေပြီးသား ကိုကို ဒါကြောင့် မာလာ မန္တလေးကို ထွက်လာတာ"
မာလာစကားသံက ခံစားချက် ကင်းမဲ့နေပုံပါ၊
" ကိုကိုတောင် တနေ့ကမှ သိရတာပါ မာလာရယ်"
မောင်မောင့်အပြောကို မာလာ ရယ်တယ်၊
" ဟုတ်မှာပေါ့၊ ကိုကိုက ဒိပြင်နေရာမှာသာ လယ်တာ၊ ဒီကိစ္စမျိုးကိုကို နားမလယ်ပါဘူး၊ အသုဘကိစ္စ ရက်လယ်ဆွမ်းကျွေးတဲ့ နေ့မှာ ကိုကို့မရီးဘက်က အမျိုးတွေ ပြောနေကြတာ၊ ကိုကိုမှမကြားတာ ၊သူတို့ထုံးစံ၊ ကိုကိုနဲ့မရီးကို ပြန်ပေးစားဖို့ပြောနေကြတာ၊ မာလာ အဲဒီကတဲက တွေးမိလိုက်တာပါ၊ မာလာကို ကိုကိုယူလိုက်ရင် မရီးဘက်ကအမျိုးတွေက ကိုကို့ကို အိမ်ပေါ်ကနှင်ချမယ်၊ ဒါဆိုရင် ကိုကို ဆင်းရဲဒုက္ခရောက်မှာလေ၊ မာလာ ကိုကို့ကိုချစ်တာက ရယူပိုင်ဆိုင်လိုခြင်းမဟုတ်ပါဘူး ကိုကို၊ ခွင့်လွတ်ခြင်းနဲ့ စွန့်လွတ်ခြင်းရယ်ပါ၊ ဒီတော့ ကိုကို့မရီးဘက်က ဆွေမျိုးတွေ ဖြစ်စေချင်တဲ့အတိုင်း မရီးကိုဘဲ ယူလိုက်ပါ၊ မာလာ ခွင့်ပေးပါတယ်"
" မာလာရယ်၊ ကိုကို ဘာပြောလို့ ပြောရမယ်တောင် မသိတော့ပါဘူးကွာ"
" ဘာမှမပြောပါနဲ့ ကိုကိုရယ်၊ မချစ်လို့မှ မဟုတ်ဘဲ၊ ကံကြမ္မာအကျိုးပေးလို့ဘဲ မှတ်ကြတာပေါ့၊ ဒါဘဲနော်ကိုကို၊ ကိုကို့ဘ၀ ပျော်ရွင်ပါစေ"
မာလာ ဖုန်းပိတ်ပြီး စကားကို အဆုံးသတ်လိုက်တာပါ။
မာလာ ရင်နာနာနဲ့ ပြောနေရတာပါ၊ ဒီလိုတွေဖြစ်လာမယ်ဆိုတာ မာလာရိတ်စားမိပြီသားပါ၊ ဆွမ်းကျွေးမှာ ဟိုဘက်ဆွေမျိုးစုတိုင်ပင်နေတာကို မာလာကိုယ်တိုင်ကြားတာ၊ သူတို့ကတော့ မာလာကို မောင်မောင်နဲ့သက်ဆိုင်တဲ့ မိန်းကလေးလို့ မသိကြလို့ ပြောနေကြတာလေ၊ သူတို့စကားတွေကြားပြီးကတဲက မာလာ ကိုကို့ကိုလက် လွတ်ရလိမ့်မယ်လို့ ဆုံးဖြတ်ထားတာပါ၊ ကိုယ့်ချစ်သူကို ဆင်းရဲဒုက္ခနွံထဲကို ဆွဲမခေါ်ရက်ဘူးလေ၊
ဒါကြောင့်မာလာ မန္တလေးကိုပြေးခဲ့တာ၊ မန္တလေးမှာရှိနေတဲ့ အဖေရဲ့ညီမအရင်း အဒေါ်က သူ့တူမကို ဗမာ ယောင်္ကျား နဲ့ယူစေချင်တာ မဟုတ်ဘူး၊ သူတို့လိုလူမျိုးတူ တရုတ်ယောင်္ကျား နဲ့ဘဲ ပေးစားချင်နေတာ၊ အစကတော့ မာလာ ဒေါ်လေးကို ယူမယ်လို့ပြောမထားသေးဘဲ အခြေအနေကို စောင့်ကြည့်နေတာပါ၊အခု မောင်မောင် ဖုန်းဆက်ပြောတဲ့အခါမှာ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်တစ်ခု ချလို့ရသွားတာပါ၊
ဒါကိုတော့ မောင်မောင် မသိနိုင်ပါ။
အကယ်၍သာ မောင်မောင် ဒီအကြောင်း သိခဲ့မယ်ဆိုရင် သူ့ယောက်ဖကြီးပြောတဲ့ (မာလာမှာလဲ Plan B တော့ရှိမှာပါ) ဆိုတဲ့ စကားမှန်ကန်ကြောင်း သိရမှာပါ၊ ခုတော့မာလာအတွက် သူ စိတ်မကောင်းဖြစ်ရတာပေါ့။
မာလာနဲ့ ဖုန်းပြောအပြီးမှာ မောင်မောင် ဒေါမီးကွေအိမ်ကို သွားပါတယ်၊ ဈေးမှာပြောမကောင်းလို့အေးအေး ဆေးဆေး ပြောရအောင် အိမ်ကိုသွားလိုက်တာပါ၊ မောင်မောင်လာတာတွေ့လို့ မညိမ်းပါ အောက်ကိုဆင်းလာပါတယ်၊
" အော် မောင်မောင်၊လာ ထိုင်ကွယ်၊ ဘာတွေများ ပြောချင်လို့လဲ"
ဒေါ်မီးကွေ ပုံစံကြည့်ရတာ မခေါ်မပြောချင်တဲ့ပုံ၊ ဒါကြောင့်
" စောစောကတင် မာလာနဲ့ ဖုန်းပြောရတယ် ဒေါ်လေး၊ ကျွန်တော်တို့ လက်ထပ်ဖို့ကိစ္စ အဆင်မပြေချင်ဘူး၊ ဒေါ်လေးကို လာပြောတာ"
" အဲဒါ မင်းတို့နှစ်ယောက်ဘဲ ပြောကြရမဲ့ ဟာလေ၊ ဒေါ်လေး ဘာပြောရမှာလဲ"
" ဟုတ်ကဲ့ပါ၊ မာလာရဲ့ ခွင့်ပြု ချက် ရပြီးပါပြီ၊ အဲဒါ ကျွန်တော့်ကို ခွင့်လွတ်ပါလို့ ဒေါ်လေးကို လာတောင်းပန်တာပါ၊ ကျွန်တော့်ရဲ့ အပြု အမူတွေကြောင့် ဒေါ်လေးတို့သားအမိ စိတ်အနှောင့်အရှက်ဖြစ်ခဲ့ကြတာကို ကန်တော့ပါတယ်"
မောင်မောင် ဒေါ်မီးကွေကို ထိုင်ကန်တော့ခဲ့ပါတယ်၊ အရင်က ဒေါ်မီးကွေနဲ့ ဘာဘဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ မတော်လိုက်ရတဲ့ ယောက္ခမလောင်းအနေနဲ့ ကန်တော့ခဲ့တာပါ၊
ဒေါ်မီးကွေ မောင်မောင် သူ့ကိုထိုင်ကန်တော့နေတဲ့ အခိုက်အတန့်လေးမှာ ဆုတောင်းစကား မပြောနိုင်ဘဲ မျက်ရည်ကျ လာတာပါ၊ အမှန်က ဒေါ်မီးကွေ မောင်မောင်ကို သူ့သမီးနဲ့ပေးစားချင်တဲ့အကြောင်းက သူပါ သမက်ကို လူမသိသူမသိ ခိုးစားဖို့ပါ၊သူ တဏှာရမ္မက် ထန်တယ်။
ဒီ အသက်အရွယ်အထိ ယောင်္ကျားနဲ့အတူ အိပ်ချင်တုန်း၊ တရားဝင်ယူဖို့ရာကလဲ မြေးတောင်ရနေပြီးမို့ လူကဲ့ရဲ့မှာလဲ ကြောက်သေးတာ၊ မောင်မောင်ဆိုတာက သူ့ရဲ့အရင် တိတ်တိတ်ပုန်းလင်ဖြစ်ပြီးသား၊ သမက်ဖြစ်သွားရင် စားဖို့ရာ ထူးမကြံရတော့ဘူး၊ ဒါပေမဲ့ကြံတိုင်းဖြစ်မလာတော့လဲ ဘယ်တတ်နိုင်ပါ့မလဲ၊
..........................................................................................
မောင်မောင် အိမ်ပြန်ရောက်မလာသေးလို့ မကော့စောင့်ပေးနေတာ၊ သူ့အကိုကြီးပြောတဲ့ ရက်ကလဲ ကပ်လာပြီ၊ အခုဆို အကိုကြီးပြောထားတဲ့ရက် (၅)ရက်တောင်ရှိနေပြီ၊ နောက် (၂)ရက်မှာ အဖြူ အမဲ သဲကွဲအောင် လုပ်ကြရတော့မယ်၊ နေ့ခင်းကတောင် ဒေါ်လေးနဲ့ ဒီအကြောင်းပြောဖြစ်သေးတယ်။
ဒေါ်လေးကတော့ အကြံပေးတာဘဲ၊(ကောင်လေးဘက်က အင်းမလုပ်၊အဲမလုပ်ဆိုရင်၊ညီး ငိုပြီးတော့သာ ပြောတော့အေ၊ မြင်းကမလှုပ်တော့လဲ ခုံကလှုပ်လိုက်တော့၊ ရှက်မနေနဲ့၊ရက်က မကျန်တော့ဘူး)၊
အကိုက အိမ်မှာမတည်းဘဲ စီတာပူက အမျိုးတွေအိမ်မှာသွားတည်းတာ၊ အရက် သောက်တတ်လို့၊ မောင်မောင် သူ့အပေါ် အရိုသေတန်မှာ စိုးလို့မတည်းတာပါ။
ည(၈)နာရီလောက်မှ မောင်မောင်ပြန်ရောက်လာတာပါ၊မကော့ဝင်းတံခါးဖွင့်ပေးလိုက်တဲ့အခါ
" နဲနဲမိုးချုပ်သွားတယ် အမရယ်၊ တောင်းပန်ပါတယ်"
ပြောပြီး ကောင်လေး သူ့အိမ်လေးထဲ ဝင်သွားတဲ့အခါ သားငယ်လေးက သူ့ဦးလေးနောက်ကို လိုက်သွားလေရဲ့။
" ကဲ၊ မရွှေစာ၊ညီး ဘာဆက်လုပ်မလဲ၊ ဆုံးဖြတ်တော့လေ၊ တွေဝေမနေနဲ့"
ဒေါ်လေးက ပြောလာပြီ၊ နာရီဝက်အကြာ ညရှစ်နာရီခွဲမှာ မကော့ မောင်မောင်ရဲ့ အိမ်လေးဆီ လိုက်သွားပါတယ်၊ အိမ်လေးထဲမှာက သားငယ်က သူ့ဦးလေးရဲ့အိပ်ရာပေါ် ရောက်နေပြီ၊
" သားလေး၊ မအိပ်ချင်သေးဘူးလား"
ပြောမဲ့သာ ပြောတာ သူ့ပါ ကုတင်ပေါ် ဝင်ထိုင်လိုက်တာ၊ မရီးဖြစ်သူ သူ့ကုတင်ပေါ် ဝင်ထိုင်လိုက်တဲ့ အတွက် မောင်မောင် ထိုင်နေရာက ထရမလို၊ ဆက်ထိုင်နေရမလို ချီတုံချတုံ ဖြစ်နေတာ၊ သူနဲ့မရီးနဲ့က တစ်ပေလောက်ဘဲ ကွာတာ။
" ငါဖြင့် မကော့ မတွေ့လို့ ဒီမှာရှိမယ်တွက်ပြီး လိုက်လာတာ"
စောစောက စီးဝါးရိုက်ထားတဲ့ အတိုင်း ဒေါ်လေးပေါက်ချလာတာ၊
" အတော်ဘဲ ဒေါ်လေး၊ ဒေါ်လေးမြေးကို သိပ်ပေးလိုက်စမ်းပါ၊ ကျမ မောင်မောင်နဲ့ ပြောစရာလေးတွေ ရှိလို့"
" မြေးလေး၊လာ လာ..ဖွါးကြီးနဲ့ အိပ်ရအောင်၊ ပုံပြောပေးမယ်"
ဒေါ်လေး သားငယ်ကို ချော့ခေါ်တာကို
" ဟင့်အင်း၊ အိပ်ချင်သေးပါဘူးဆို၊ ဦးရေး ရေးနဲ့နေမှာ"
မရီး သူ့ကို စကားပြောချင်နေမှန်းသိလို့ တူတော်မောင်ကို ချော့ပြောရတယ်၊
" သွားအိပ်လိုက်တော့ကွ၊ မနက် ဈေးမလိုက်ဖူးလား၊ ဝက်သားပေါင်းစားဖို့"
ပြောလိုက်မှ တူတော်မောင် သူ့အဖွါးလေးနဲ့ မလိုက်ချင်လိုက်ချင်လိုက်သွားတာ၊ ဒေါ်လေးတို့ပြန်သွားတဲ့အခါ
" အစကတော့ ငါ့မောင်ကို မပြောဘူးလို့ နေတာပါဘဲကွယ်၊ ဒါပေမဲ့ အမ ပြန်တွေးနေတာ၊ ဒီခြံကြီးကိုရောင်းလိုက်ပြီး ဗန်းမော်ပြန်သွားပါပြီ၊ ဟိုမှာ အမ ဘာလုပ်စားရမှာလဲ၊ ကလေးတွေကလဲ စကောစက အရွယ်တွေ၊အကိုကြီးပြောသလို နောက်ယောင်္ကျား ထပ်ယူပါပြီတဲ့၊ နောက်ယူတဲ့ ယောင်္ကျားက ဒီကလေးတွေကို သည်းခံနိုင်ပါ့မလား၊ ဒါကိုတွက်ရမယ်"
" အမ က ဗန်းမော်မပြန်ဘဲ ဒီမှာဘဲ ဆက်နေချင်တာလား"
မရီးရဲ့ စကားအသွားအလာကို ထောက်ချင့်ပြီး မောင်မောင် မေးလိုက်တာပါ၊
" အမ-အမ--ပြောရတာ"
မရိီးစကားမပြောနိုင်တော့ဘဲ ငိုနေပါပြီ၊ မောင်မောင် ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်း မသိ၊
" အမ-ဒိနေရာ-မင်းအကိုကြီးရဲ့ချွေးနည်းစာနဲ့ဝယ်ထားခဲ့တာ-ဘယ်ကိုမှလဲ မသွားချင်ဘူး-ဒါပေမဲ့---အကိုကြီးက-ပြန်လိုက်"
မောင်မောင် နားလယ်လိုက်ပါပြီ၊ မရီး ဒီအိမ် ဒီခြံကြီးက ဘယ်ကိုမှ မသွားချင်ဘူးဆိုတာ၊ ဒီအိမ် ဒီခြံက ဘယ်ကိုမှ မသွားဖို့ဆိုတာက တနည်းဘဲ ရှိတော့တာလေ၊ မောင်မောင် စိတ်ပိုင်းဖြတ်လိုက်ပါပြီ၊
" အမရယ်၊ အမ ဒီအိမ်နဲ့ဒီခြံက မခွါချင်ရင်လဲ မခွါရပါဘူး၊ ကျွန်တော် ဆုံးဖြတ်ပြီးပါပြီ၊ ကျွန်တော် အမနဲ့တူ/တူမတွေကို ပစ်မသွားပါဘူး"
မောင်မောင့်စကားကြားရတာနဲ့ မရီး မောင်မောင့်ကို ဖက်ပြီး ရင်ခွင်ထဲ ခေါင်းထိုးကာ ငိုတော့တာပါဘဲ။
" အီး--ဟီး-ဟီး--ငါ့မောင်ရယ်--အိး--အိး"
" မငိုပါနဲ့ အမရယ်၊ အမတို့ မိသားစု ဥမကွဲ အသိုက်မပျက် ဒီအိမ်လေးမှာ ဆက်နေကြရပါ့မယ်"
မရီးကျောကို ပြန်ဖက်ရင်းပြောတဲ့အခါ
" အမတို့ မိသားစုတင်လား ကွာ၊ ငါ့မောင်ရော"
မရီး သူ့မျက်နှာကို မော့ကြည့်ပြီးမေးတာ၊
" ပြောနေရဦးမှာလား အမရယ်"
မရီး မောင်မောင်ရဲ့ လယ်ဂုတ်ကို ဆွဲနှိမ့်ပြီး နုတ်ခမ်းတွေကို ကစ်စုတ်ပါတော့တယ်၊ ကစ်စုတ်တာမှ ရိုးရိုးစုတ်တာတင် မက၊ပါးစပ်ထဲ လျှာပါထိုးသွင်းပြီး ကလိနေတာပါ၊ ယောင်္ကျားသေပြီးတာ (၆)လ ရှိနေပြီမို့ စိတ်ဆန္ဒကလဲ ပြင်းပြနေပါပြီ၊ အရင်ကသာ မတ်ဆိုပြီး ထိန်းထိန်းသိမ်းသိမ်း နေလာတာ၊ အခု တယောက်နဲ့တယောက် ပွင့်လင်းပြီးကြပြီမို့ မကော့စိတ်ကို လွှတ်ပေးလိုက်တာပါ။
မရီးရဲ့ နုတ်ခမ်းစုတ်၊ပါးစပ်ထဲ လျှာထိုးသွင်းကလိတာ ခံနေရလို့ မောင်မောင် မရီးကို ပြန်ပြီး နုတ်ခမ်းတွေ စုတ်ပေးလိုက်ပါတယ်၊
" ငါ့မောင်ရယ်၊ အမကို လောကကြီး အလယ်မှာ တယောက်ထဲ မထားခဲ့ပါနဲ့ကွယ်"
" ခဏနော် အမ"
မရီးဖက်ထားတဲ့ လက်ကို အသာဖြေပြီး ကုတင်ပေါ်ထိုင်နေရာက မောင်မောင် ထပြီး အိမ်တံခါးကို ပိတ်လိုက်တယ်၊ပြီးမှ
" မထားခဲ့ပါဘူး အမရယ်၊ ကျွန်တော် အမနဲ့သေတပန် သက်တဆုံး နေသွားမှာပါ"
မရီးဖြစ်သူရဲ့ ပခုံးနှစ်ဘက်ကို အသာလေးတွန်းလိုက်ရင်း အိပ်ရာပေါ် လှဲချပေးလိုက်ပါတယ်၊ မရီးအပေါ် မှောက်အိပ်ရင်းက
" ပြီးခဲ့တာတွေ ပြီးပါစေတော့ အမရယ်၊ ရှေ့ဆက်ပြီး ဝမ်းနည်းပူဆွေးမှု မရှိနိုင်တော့ပါဘူး"
သူ မရီးဖြစ်သူကို ယုယုယယ နမ်းလိုက်တာ၊ မတ်ဖြစ်သူရဲ့ အားပါတဲ့ အနမ်းတွေအောက်မှာ မိန်းမူးရင်း
" ပြီးခဲ့တာတွေထားလိုက်ပါ၊ အခု အမကို ပြီးအောင် လုပ်ပေးပါလား ငါ့မောင်ရယ်"
The End
........................................⭐⭐⭐⭐⭐........................................
ပြီးပါပြီ။


No comments:
Post a Comment